အမေရိကန်နိုင်ငံမှာ အပိုဝင်ငွေရဖို့ Side Hustle အလုပ်လုပ်ချင်သူတွေအတွက် Ideas
လေး ၃ ခုကို ဖော်ပြပေးလိုက်ပါတယ်။

1) Dog Walking
ခွေးချစ်တတ်သူဆိုရင် မိမိအိမ်နီးနားချင်းရဲ့ ခွေးလေးတွေကို Dog Walking လုပ်ပေးလို့ရပါတယ်။ အမေရိကန်နိုင်ငံက လူတွေက အိမ်မွေးတိရိစ္ဆာန်လေးတွေကို မိမိသားသမီးလိုပဲ အရမ်းချစ်တတ်ကြလို့ ခွေးလေးတွေ အပြင်ထွက်ဖို့ တူတူလမ်းလျှောက်ပေးရင် ပိုက်ဆံပေးဖို့ ဝန်မလေးတတ်သူတွေပါ။
နာရီဝက်လောက် လမ်းတူတူလျှောက်ပေးရင်တောင် $20-30 ရပါပြီနော်။ Dog walkers typically charge between $20 and $30 for a 30-minute dog walking service.
၂) Etsy မှာတင်ရောင်းပါ
လက်မှု ပညာဝါသနာပါရင် Etsy ဆိုတဲ့ website မှာ ကိုယ်တိုင်လုပ်တဲ့ customized ပစ္စည်းလေးတွေကို တင်ရောင်းလို့ရပါတယ်။
တချို့တွေ အရမ်းရောင်းရတယ်နော်။

၃) စာသင်ပါ
စာသင်ရတာ ဝါသနာပါရင် Tutoring Websites တွေမှာ ကိုယ်သင်နိုင်တာတွေ ရေးပြီး တင်ထားလို့ရပါတယ်။ တယောက်စီ privately သင်ပေးရင် တနာရီကို $15 ကနေ $100 အထိ တောင်းလို့ရပါတယ်။
https://www.wyzant.com/ အဲ website က နာမည်ကြီးပါတယ်။
အမြဲလေ့လာပါ၊ စူးစမ်းပါ၊ စာဖတ်ပါ၊ မိမိအရည်အချင်းတိုးတက်အောင် လုပ်ထားပါ။ နာရီနဲ့ အမျှ ပိုက်ဆံရှာနိုင်တဲ့ လက်ဖျား ငွေသီးသူ တယောက်ဖြစ်လာမှာပါ။
ဘယ်လို အလုပ်မျိုးတွေလုပ်ရတာ စိတ်ဝင်စားလဲ ပြောပြပေးပါဦးနော်။
Join with #MoefromAmerica & Start your American Dream. 

ချစ်ခြင်းများစွာဖြင့်
subscribe on YouTube
shorturl.at/etKY9
