အမေရိကန်နိုင်ငံကို ပြောင်းရွှေ့ဖို့ အလွယ်ကူဆုံးနည်းလမ်းမှာ Education ဆိုတဲ့ ကျောင်းတက်ခြင်းပဲဖြစ်ပါတယ်။ ကျောင်းတက်ပြီးရင် ဝင်ငွေကောင်းတဲ့ အလုပ်တွေ ရကြသလို အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုပေါလို့ပါ။
ကလေး (၆ နှစ်အထက်မှ ၁၈ နှစ်အောက် အထိ) အုပ်ထိန်းသူ တယောက်လိုက်ကြသလို (not dependent visa)
အဖေ သို့ အမေ မိဘ တယောက်က F-1 Student Visa နဲ့ဆို သားသမီးက F-2 Dependent Visa နဲ့ လိုက်ခွင့်ရပါတယ်။ ကျောင်း အလကား Free တက်ခွင့်ရပါတယ်။
ကလေး ကျောင်းတက်ရမလား?
မိဘတက်ရမလား ဆိုရင် ….
မိဘတက်တာ ပိုကောင်းပါတယ်၊ လူကြီးကျောင်းက Master Degree တောင် တနှစ်ကျောင်းလခ $ ၁၂၀၀၀ လောက်နဲ့ ကျောင်းကောင်းရှာတက်လို့ရပေမယ့် …
ကလေးကျောင်းက တနှစ်ကျောင်းလခ $၂၀-၃၀၀၀၀ လောက်ရှိကြပါတယ်။ SEVIS ပေးတဲ့ International Student လက်ခံတဲ့ကျောင်းလဲဖြစ်ရပါမယ်။ ကလေးကျောင်းတွေက တနှစ်တခါ Fall Semester (August) ပဲ လက်ခံကြတာများပါတယ်။
အမေရိကန်နိုင်ငံမှာ ကျောင်းတက်မယ်ဆိုရင် အနဲဆုံး ၆ လ-တနှစ်လောက် အချိန်ယူပြင်ဆင်ပါ။ Interview Appointment Date ယူရတာလဲ အချိန်ပေးရသလို Bank Statement က ၃-၆ လအတွင်း အဝင်အထွက်ရှိထားရင်ကောင်းပါတယ်။
လာမယ့် 2024 Summer Semester (မေလ)
Fall Semester (August) မှာ အမေရိကန်နိုင်ငံမှာ ကျောင်းတက်ဖို့ ပြင်ဆင်နေတယ်ဆိုရင် Education မှာ Experiences များတဲ့ #MoefromAmerica က ကျောင်းအပ်ဖို့ ကိစ္စတွေ ကူညီဆောင်ရွက်ပေးနေတာမို့ chatbox ကနေ တဆင့်ဆက်သွယ်နိုင်ပါပြီနော်။
#MoefromAmerica ထုတ်တဲ့ ဒုစာအုပ်ထဲမှာလဲ Education နဲ့ ပြောင်းရွှေ့တဲ့ အကြောင်း အသေးစိတ်ရေးပေးထားပါတယ်။ စာပေလမ်းကနေမှာလို့ရပါတယ်။
👉🏻https://www.facebook.com/100083002879024/posts/309762888467138/?mibextid=cr9u03