Active Income or Passive Income or Both?

လူတယောက်မှာ မိမိအလုပ်ကနေရတဲ့ ပုံမှန် ဝင်ငွေ Active Income ရှိသင့်သလို အားစိုက်မထုတ်ရပဲ အိပ်နေရင်း ရင်းနှီးမြှုပ်နှံမှုတွေက ရတဲ့ Passive Income လဲရှိသင့်ပါတယ်။

အလုပ်လုပ်ရာကပဲရတဲ့ Active Income ကိုပဲ မှီခိုပြီး ရလိုက်ကုန်လိုက် paycheck to paycheck နေမယ်ဆိုရင် ကိုယ်နေမကောင်းတဲ့တနေ့၊ အလုပ်မလုပ်နိုင်တဲ့ တနေ့ကျရင် စိုးရိမ်ပူပန်ရတော့မှာပါ။

Passive Income ရဖို့ လုပ်လို့ရတာ ဆိုရင်
▪️အိမ်ခန်းဌားစားတာ
▪️ stocks တွေမှာ ရင်းနှီးမြှုပ်နှံတာ
▪️YouTube Channel လုပ်တာ
▪️အတိုးများများရတဲ့ high-yield savings account တွေမှာ စုထားတာ
▪️စာသင်ပေးတာ
▪️ဓာတ်ပုံရိုက်တာ
▪️online မှာ စျေးရောင်းတာ
▪️ဟင်းချက်ရောင်းတာ တွေလုပ်ကြပါတယ်။

Warren Buffett ပြောသလို “The best investment you can make, is an investment in yourself. The more you learn, the more you’ll earn.”

မိမိကိုယ်ကို ရင်းနှီးမြှုပ်နှံတာ အကောင်းဆုံးပါပဲ။ skills တွေတိုးတက်အောင်လုပ်ပါ၊ သင်ယူမှုတွေများလေ၊ ပိုက်ဆံပိုရှာနိုင်လေပါပဲ။ မိမိထက်ပိုသိတဲ့၊ အောင်မြင်နေတဲ့သူတွေဆီက သင်ယူပါ၊ စာအုပ်ဖတ်ပါ၊ podcasts တွေနားထောင်ပါ၊ Seminars and Events တွေတက်ပါ။

အလုပ်လဲ လုပ်ပါ၊ ဝင်ငွေကို တိုးပွါးအောင်လုပ်ပါ။ အိပ်နေရင်း ဝင်ငွေရအောင်လုပ်ပါ။ ပိုက်ဆံပဲရှာနေတာထက် ရှာထားတဲ့ ပိုက်ဆံက ပြန်ပြီး အလုပ်လုပ်ပေးအောင် လုပ်တတ်ရင် တသက်လုံး အလုပ်လုပ်စရာ မလိုပဲ ပင်စင်စောစောယူလို့ရပြီး အေးအေးလူလူ ကိုယ်လုပ်ချင်တဲ့ ဝါသနာပါတဲ့ အလုပ်တွေလုပ်၊ သွားချင်တဲ့ ခရီးတွေ သွားလို့ရမှာပါ။

ဘယ်လို ဝင်ငွေမျိုး အခုရှိကြပြီလဲ ပြောပြပေးပါဦးနော်။
Active Income or Passive Income or Both?

#MoefromAmerica ❤️