ခင်ခင် ရဲ့ American Dream

ဂျပန်ကနေ Master Degree လာတက်တဲ့ ကျောင်းသူ ခင်ခင်တယောက် အလုပ်လိုချင်လို့ နေရာအနှံ့ နားစွင့်ပြီး လိုက်ရှာတာ ၃ လ မပြည့်ခင် Indian ပိုင် 7-Eleven မှာ အလုပ်ရသွားပါပြီ။

ကျောင်းမှာလဲ လုပ်ဖို့ ပြောထားပေမယ့် ကျောင်းကအလုပ်တွေက စောင့်ရဦးမယ်ဆိုလို့ sushi 🍣 လုပ်တာလဲ ထောပတ်သီး မခွါတတ်လို့ …

7-Eleven က Work Permit ရှိရင် $13 လောက်ပေးပေမယ့် မရှိရင် cash $10 ပေးပါတယ်။ တပတ် ၃ ရက် ကျောင်းတက် ၃ ရက် အလုပ်လုပ်ပြီး American Dream ကို ဆက်မက်ရပါဦးမယ်။

7-Eleven မှာလုပ်တာ Pizza 🍕 လဲဖုတ်ရတယ်၊ မုန့်တွေလဲ လုပ်ရတယ်၊ ထီမျိုးစုံ ရောင်းရတာလဲ ခက်လှတယ်။ ဒါပေမယ့် အလုပ်လုပ်ရင် စကားပိုပြောဖြစ် American Culture ကို ပိုနားလည်တာမို့ ခင်ခင်ပျော်မိပါတယ်။

ကိုယ်တိုင် ခက်ခက်ခဲခဲ ရှာဖွေပြီးရထားမို့ တန်ဖိုးလဲ ထားမိတယ်။ အမေရိကန်နိုင်ငံမှာ ကျောင်းလာတက်ပြီး အလုပ်ရှာမယ်ဆိုရင် မရှက် မကြောက်ကြပါနဲ့၊ လိုက်မေးပါ၊ ဇွဲမလျှော့ပါနဲ့၊ English လို လဲ နဲနဲပြောတတ်အောင်သင်ခဲ့ပါ လို့ အကြံပေးလိုက်ပါတယ်နော်။

#MoefromAmerica ❤️