အမေရိကန်နိုင်ငံမှာ နေရင် ဒီမေးခွန်းတွေ မေးဖူးပါသလား?

မနက်မိုးလင်းတိုင်း အိပ်ရာထပြီး သွားရတဲ့ အလုပ်က တက်ကြွတဲ့ အလုပ်မျိုးလား?

မိမိလုပ်တဲ့ အလုပ်က ကိုယ်ဂုဏ်ယူရမယ့် အလုပ်မျိုးလား?

ကိုယ်ကြိုက်တဲ့ ဇိမ်ခံပစ္စည်းဝယ်ဖို့ credit card ကနေ ချေးဝယ်ရတာ၊ ပိုက်ဆံစုနေရတာ မဟုတ်ပဲ ကြိုက်တဲ့ အချိန် ကောက်ဝယ်နိုင်တဲ့ comfortable ဝင်ငွေရှိဖို့ ၊ bank account ကြည့်ရင် empty မဟုတ်ပဲ ပြုံးပျော်ရတာမျိုး…

တနှစ်ကို Vacation 3-4 ပတ်ရပြီး ကိုယ်ကြိုက်တဲ့ နိုင်ငံကို ခရီးသွားဖို့ စိတ်ကြိုက် စိတ်ကူးယဉ်ရတာမျိုး….

ကျယ်ဝန်း သပ်ရပ်တဲ့ အိမ်ကို ညအိမ်ပြန်လာရင် အိပ်စက်ရတာ….

အိပ်နေရင်း ငွေဝင်နေမယ့် Passive income မှာ ရင်းနှီးမြှုပ်နှံထားတာ…

အသက်ကြီးလို့ ပင်စင်ယူရင်လဲ စိတ်ပူစရာမလိုပဲ ကမ္ဘာပတ် ခရီးထွက်ဖို့ Retirement Savings အတွက် ပိုက်ဆံစုထားတာ….

တချို့သူတွေအတွက် American Dream က အမေရိကန်နိုင်ငံရောက်ဖို့ပဲ ဖြစ်ပေမယ့် ရဲ့ America မှာ အေးဆေး သက်သာတဲ့ Lifestyle နဲ့ နေချင်ရင်တော့ သေသေချာချာ လေ့လာစရာ အများကြီး ရှိပါတယ်။

Facebook ပေါ်တင်ကြွားဖို့ သက်သက်မဟုတ်ပဲ Focus on yourself မိမိဘာသာ အောင်မြင်တိုးတက်အောင် လုပ်ပါ။ America အကြောင်းတွေ များများလေ့လာပါ။ Positive Thinking ရှိပြီး တိုးတက်ချင်တဲ့ အမြဲ မပြတ် လေ့လာနေတဲ့ ဒီနိုင်ငံကလူတွေနဲ့ပေါင်းပါ။

မြန်မာနိုင်ငံနဲ့ အဝေးကြီး အမေရိကန်နိုင်ငံတောင်ရောက်အောင် လာခဲ့ပြီးပြီ။
Failure is NOT an option. You have no room for failure. ကျရှုံးဖို့လာခဲ့တာ မဟုတ်ဘူး။မြန်မာပြည်မှာ တခုခုဆို မိဘအိမ်ပြန်ပြေးလို့ရတယ်၊ တက်နေလို့ရတယ်။ America ရောက်ပြီး တခြားနိုင်ငံက ပြောင်းရွှေ့နေထိုင်တဲ့ Immigrants တွေ အနေနဲ့ ဒီက လူတွေနဲ့ တန်းတူ Lifestyle မျိုးနေရဖို့ သူတို့ထက် ၂-၃ ဆပိုကြိုးစားမှ ရနိုင်ပါတယ်။

အမေရိကန်နိုင်ငံမှာ အောင်မြင်ဖို့ Work Smart လုပ်ဖို့လဲ လိုအပ်သလို Work VERY Hard လဲ လုပ်ဖို့ လိုအပ်ပါတယ်။

လူ့အခွင့်အရေးရှိတဲ့ နိုင်ငံလာပြီး ရရာအလုပ်လုပ်ပြီး ကျေနပ်မနေပဲ လူ့အခွင့်အရေး အပြည့်အဝရအောင် ကြိုးစားဖို့က မိမိရဲ့ တာဝန်ပါပဲ။

အထက်ပါအချက်တွေထဲက ဘယ်အချက်ကို သဘောအကျဆုံးလဲ ပြောပြပေးပါဦးနော်။

အမေရိကန် အိပ်မက်ရှိသူတွေအတွက် အိပ်မက်ကို ပိုအရောင်တောက်စေဖို့ စိတ်ကူးတွေ ပိုကောင်းစေဖို့ “American Dream” စာအုပ်ကို စာပေလမ်းကနေ မှာလို့ရပါပြီရှင်

👉🏻https://www.facebook.com/100083002879024/posts/305855648857862/?mibextid=cr9u03

#MoefromAmerica ❤️