“အမေရိကန်နိုင်ငံမှာ ကျောင်းတက်ဖို့ F-1 student Visa (ကျောင်းသား ဗီဇာ) တင်ရင် သတိထားသင့်တဲ့ အချက်များ”

🚩ကျောင်းသား ဗီဇာတင်ရင် visa officers တွေက ဘာတွေ စစ်လေ့ရှိကြသလဲ?

အမေးများတာက ဗီဇာတင်တဲ့ ကျောင်းသားရဲ့

▪️study plans ဘာသွားတက်မှာလဲ?
▪️university choice ဘာကြောင့်ဒီကျောင်းကို ရွေးတာလဲ?
▪️academic qualification မိမိရဲ့ ပညာအရည်အချင်း
▪️financial status ငွေရေးကြေးရေး
▪️career plans ကျောင်းပြီးရင် ဘာလုပ်မှာလဲ? တွေကို မေးလေ့ရှိကြတယ်

စတင်ပြင်ဆင်ကတည်းက ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး တင်တာ Visa ရဖို့ အခွင့်အရေး မြင့်မားစေပါတယ်။

🚩ကျောင်းသား ဗီဇာတင်ရင် အငြင်းပါယ်ခံရတဲ့ အဓိကအချက်တွေကတော့

▪️ကျောင်းပြီးရင် အမေရိကန်နိုင်ငံ မှာနေဖို့ အစီအစဉ်ရှိခြင်း
▪️Financial Support ကျောင်းတက်နေစဉ် အသုံးပြုဖို့ ငွေရေးကြေးရေး အထောက်အပံ့ကောင်းကောင်းမပြနိုင်ခြင်း
▪️Suspicious University သံသယရှိစရာကောင်းသော စစ်မှန်မှုမရှိ ဟန်ပြဖွင့်ထားတဲ့ ကျောင်းတွေကို အပ်မိခြင်း
▪️Degree မိမိိနဲ့ ကိုက်ညီမှု မရှိသောဘွဲ့ကို ယူမိခြင်း
▪️Goals ကျောင်းပြီးရင် ဘာလုပ်မလဲ ရည်ရွယ်ချက် မရှိတာတွေ ကြောင့်ပါ။

🚩ကျောင်းသား ဗီဇာ အငြင်းပါယ်ခံရရင် ဘာလုပ်ကြမလဲ?

application အသစ်ပြန်တင်ပါ။
appointment အသစ်ပြန်ယူပါ။
application fee ထပ်ပေးရပါမယ်။

🚩 ပထမအကြိမ် အငြင်းပါယ် ခံရပြိီလျှင် ဒုတိယ အကြိမ် Visa ရဖို့ မြင့်မားစေအောင် ဘာလုပ်ရမလဲ?

အတွေ့အကြုံ အများကြီးရှိတဲ့ foreign ministry officers တွေရဲ့ ပြောပြချက်အရ ပထမအကြိမ်တုန်းကနဲ့ ကျောင်းအတူတူ၊ ပုံစံတူတူ ဘာမှ မပြောင်းလဲပဲ ထပ်ဝင်ရင် 99.99% က ထပ်အငြင်းပါယ် ခံရဦးမယ်ဆိုတာပါပဲ။

🚩ဒါဆို ကျောင်းသား ဗီဇာက ရဖို့ခက်တာပေါ့

ကျောင်းသား ဗီဇာ တင်ရတာ အချိန်ကြာတယ်။ SEVP အသိအမှတ်ပြု ကျောင်းမှာ အတတ်နိုင်ဆုံး အစောဆုံး လျှောက်ပါ။ applications တင်တာ ၁-၂ လလောက်ကြာတတ်ပါတယ်။

🚩၂၀၂၂ ခုနှစ်မှာ ကျောင်းသား ဗီဇာ ငြင်းပါယ်ခံရနှုန်းက ဘယ်လိုရှိလဲ?

သေချာ ခိုင်လုံရင် လျှောက်တဲ့သူတွေရဲ့ ၈၀ ရာခိုင်နှုန်းရကြပါတယ်။

🚩ကျောင်းသား ဗီဇာ အငြင်းပယ်ခံရပြီး ထပ်လျှောက်လို့ရလား?

မိမိရဲ့ အားနဲချက်ကို သေချာပြင်ဆင်ပြီး ၆ လလောက်စောင့်ပြီး ထပ်လျှောက်လို့ရပါတယ်။

🚩ကျောင်းသား ဗီဇာက ဘယ်နှခါထိ လျှောက်လို့ရပါသလဲ?

အကြိမ်ရေ ကန့်သတ်ထားတာ မရှိပါဘူး။ ဒါပေမယ့် မိမိရဲ့လိုအပ်ချက်ကို သေချာပြင်ဆင်ပြီး ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီးမှ လျှောက်ရင် ပိုကောင်းပါတယ်။

🚩ကျောင်းသား ဗီဇာ အင်တာဗျူးမှာ လိမ်လို့ရလား?

လိမ်တာမိရင် တသက်လုံး အမေရိကန်နိုင်ငံကို ဝင်ခွင့် ပိတ်လို့ရပါတယ်။

ကျောင်းသား ဗီဇာ လျှောက်သူတွေ အထက်ပါ အချက်တွေနဲ့ ဘယ်အချက်ကိုက်ညီမှုရှိလဲ ပြောပြပေးပါဦးနော်။

(ဖော်ပြပါ အချက်တွေနဲ့ လူတိုင်းကိုက်ညီမယ်လို့ မဆိုလိုပါ။ အများစုဖြစ်တတ်ကြတာကို ပြောပြပေးခြင်းပါ)

ချစ်ခြင်းများစွာဖြင့်
#MoefromAmerica ❤️
Your Daily Dose of Brain Power

subscribe on YouTube 💌 shorturl.at/etKY9

(စာကို ကူးယူမယ်ဆိုရင် စာရေးသူနာမည်ပါ ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်)
—————
Join with #MoefromAmerica & Start your American Dream.

▪️အမေရိကန် Student Visa/ Visit Visa/ Business Visa လျှောက်ပေးပါတယ်။
▪️Tour Visa/ Business Visa အတွက် package လုပ်ပေးပါတယ်။
▪️Interview ကို ယုံယုံကြည်ကြည်နဲ့ ဖြေတတ်စေဖို့ Interview Practice Service လဲပေးပါတယ်။