Next Stop United Kingdom 🇬🇧

Next Stop United Kingdom 🇬🇧

Spaghetti 🍝 စားပြီး ဟိုတယ်ပြန်ပြီး Luggage ယူရတယ်။ Spaghetti ဆိုင်က Waiter ကို 22 Euro ပေးတာ သူက 1 Euro ပြန်မအမ်းတော့ပဲ သူ Tip ယူလိုက်မယ်နော်လို့ ပြောရှာတယ်။ 😅 US မှာဆို 15% Tip က စတောင်းတာနော်။

အစက Uber ကို app နဲ့ ဌားမလို့ စဉ်းစားထားပေမယ့် ဟိုတယ်ရှေ့မှာ Taxi 🚕 တွေရပ်ထားတော့ စျေးမေးကြည့်တာ Asian ရုပ်နဲ့ ဦးလေးကြီး အလှည့်ဆိုတော့ စျေးမေးကြည့်တာ Airport ထိကို Fixed Price 62 💶 Euro ပဲတဲ့။

ခက်တာက ကိုယ့်လက်ထဲ 55 Euro ပဲကျန်တော့တယ်။ သူ့ကို ကျန်ငွေကို USD ယူမလား မေးတာ၊ ရတယ် ရှိသလောက်ပဲ ပေးဆိုပြီး လျှော့ပေးလိုက်တယ်။

သူက English လို ပြောတတ်တော့ လမ်းမှာ သူ့နဲ့ စကားစမြည်ပြောပြီး မေးကြည့်တော့ Cambodia 🇰🇭 ကတဲ့။ French ရောက်တာ Vietnam စစ်ပွဲပြီး 1975 ခုနှစ်ကတည်းက၊ အသက် ၂၈ နှစ်အရွယ်သားလေး တယောက်ရှိပြီး Computer Scientist လုပ်တယ်။

Cambodia ကိုပြန်ဖြစ်လားဆိုတော့ ရောက်ကတည်းက တခါပဲ ပြန်ဖြစ်တယ်တဲ့။

French ကလူဦးရေက တနေ့တခြားများလာပြီး နေစရာက ဂျပန်လိုပဲ ကျဉ်းလာတယ်။ အခွန်ကလဲ အများကြီးပေးရတယ် သူဆို 45% ဆောင်ရတာဆိုပဲ၊ ပြင်သစ်မှာကောင်းတာက Healthcare Free ပေးတယ်။ University တက်ရင် Free၊ US မှာ မရနိုင်တာတွေပေါ့။

သူကတော့ Paris မြို့အပြင်ဘက်မှာနေတယ် ပဲရစ်မြို့ကြီးက စျေးကြီးလို့ အိမ်တွေ၊ Apartment တွေက မီလျှံချီနေတာတဲ့။

Asian အချင်းချင်းမို့ စေတနာကောင်းတော့ Luggage က အစ အကုန်ကူချပေးတယ်။ ကျွန်မမှာ အခက်အခဲတွေ့ခါနီးတိုင်း ကံကောင်းတတ်တဲ့ ဇာတာတခုရှိတယ်။ မွေးကတည်းက နာမည်ပေးခဲ့တဲ့ ဘုန်းကြီးပြောပြထားတာ မယုံတယုံနဲ့ ပေမယ့် ဒီနေ့ ဒီအချိန်ထိမှန်တုန်းပဲ။

စိတ်ရင်းစေတနာကောင်းရင် ကံကောင်းတတ်ပါတယ်။ I believe in Karma. “What goes around, comes around. Keep your circle positive. Speak good words, think good thoughts. Do good deeds.”

စေတနာကောင်းရင် ကံကောင်းတတ်တဲ့ Karma ကိုယုံကြည်ကြပါသလား?

#MoefromAmerica ❤️🇺🇸