“အသက် ၁၇ နှစ်နဲ့ ရှေ့နေဖြစ်လာတဲ့ ကောင်လေး”

အမေရိကန်နိုင်ငံမှာ ရှေ့နေဖြစ်ဖို့ Bar Exam ဆိုတာ အောင်ဖို့ အရမ်းခက်ပါတယ်။ ဖြေတဲ့သူတွေရဲ့ ထက်ဝက်လောက်သာ အောင်မြင်တတ်ကြတာပါ။ ဒါပေမယ့် အသက် ၁၇ နှစ်အရွယ် က်ိုးရီးယားလူမျိုး အမေရိကန်နိုင်ငံမှာ ကြီးပြင်းခဲ့တဲ့ Peter Park ကတော့ တကြိမ်တခါတည်း အောင်မြင်ခဲ့ပြီး အသက် အငယ်ဆုံး ရှေ့နေဖြစ်လာခဲ့ပါတယ်။

The July 2023 results showed a pass rate of only 51.5% out of the 7,555 people who took the exam, down from 52.4% in 2022, per the release.

သူဟာ အသက် ၁၃ နှစ် အရွယ်ကတည်းက အထက်တန်းကျောင်း High School နဲ့ ရှေ့နေဖြစ်ဖို့ Northwestern California University School of Law ကို တပြိုင်နက်တည်း တက်ခဲ့တာပါ။

အထက်တန်းကျောင်းကို ၂၀၂၁ ခုနှစ်မှာပြီးခဲ့ပြီး law school ကို ၂၀၂၃ ခုနှစ်မှာပြီးခဲ့တာပါ။

Park ကပြောတယ် ဒါက လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် စည်းကမ်းချပြီး နည်းလမ်းမှန်ကန်စွာကြိုးစားရင် ခက်ခဲပေမယ့် အောင်မြင်မှုရနိုင်ပါတယ်။ သမာရိုးကျလမ်း မဟုတ်ပဲ ဒီလို နည်းလမ်းတိုကို ရှာတွေ့လို့ သူဝမ်းသာမိပါတယ်။ လူတွေကိုလဲ သမာရိုးကျမဟုတ်တဲ့ လမ်းတွေကို ရှာဖွေ စဉ်းစားသင့်ပါတယ်လို့ Park ကပြောခဲ့ပါတယ်။

Peter Park ကိုကြည့်ခြင်းအားဖြင့် စံနစ်တကျ သေချာ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်ပါတယ်နော်။

#MoefromAmerica ❤️🇺🇸

Reference: USA Today