“Fast Learner”

“Fast Learner”

ကိုယ်မွေးဖွားကြီးပြင်းတဲ့ အမိမြေကနေ အဝေး
တခြားနိုင်ငံတခုမှာ ရပ်တည်မယ်ဆိုရင် လိုအပ်တဲ့ skill တခုက “Fast Learner” ဆိုတဲ့ သင်ယူတာ မြန်ဖို့ပါပဲ။ တခြားနိုင်ငံမှာဆိုရင် ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ မတူညီတဲ့ အလုပ်အကိုင် အစရှိသဖြင့် သင်ယူစရာတွေက အရမ်းများလို့ Fast Learner ဖြစ်ရင် အကောင်းဆုံးပဲ။

အလုပ်သွားလျှောက်ရင်လဲ
“I’m a fast learner”. “I’m a hard worker” လို့ပြောရင် အလုပ်ရှင်တွေက သဘောကျကြတယ်။

▪️Fast Learner ဖြစ်ဖို့က အဓိက အရေးကြီးတာက စိတ်တည်တည်ငြိမ်ငြိမ်ထားပြီး အာရုံစူးစိုက်မှု အားကောင်းရမယ်။
▪️အလုပ်ကို စံနစ်တကျသင်ပေးနိုင်တဲ့ Mentor ကောင်းကောင်းရှိရမယ်။
▪️ Learning style: မိမိနဲ့ သင့်တော်တဲ့ Learning style ကိုသိရမယ်၊ ဘယ်လိုမျိုးဆိုရင် မြန်မြန်တတ်တာ မြန်လဲ လေ့လာသုံးသပ်ပြီး လိုက်လုပ်ဖို့လိုမယ်။
▪️Take Note: မှတ်စုသေချာချရေးပြီး မမှတ်မိရင် ပြန်ကြည့်ပါ။
▪️Learning Goal: လုပ်ရမယ့် အလုပ်တွေကို အဆင့်တွေခွဲပြီး တခုချင်းစီ အချိန်နဲ့ တကွ သေချာစီမံလုပ်တတ်ရမယ်။
▪️Speed over perfection: အလုပ်လုပ်ရင် အရမ်းကြီး မှန်ကန်ဖို့ထက် မြန်ဆန်အောင်လဲ ကြိုးစား အားထုတ်ရမယ်၊ အမှားလုပ်မိရင်လဲ အမှားတွေကနေ ပြန်လည်သင်ယူရမယ်။
▪️20-hour commitment: ဘယ်လောက်ခက်ခဲတဲ့ အရာပဲဖြစ်ဖြစ် အလွယ်တကူ လက်မလျှော့ပဲ နာရီ ၂၀ လောက် သေချာ လုပ်ကြည့်ဖို့ လိုမယ်။
▪️အိပ်ရေးဝဝ အိပ်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားပြီး မိမိကိုယ်ကို ဂရုစိုက်ဖို့လိုမယ်။

အရေးကြီးဆုံးကတော့ ဘယ်အရာမှ မလွယ်ပေမယ့် မကောင်းတာပြောမယ့် ပတ်ဝန်းကျင် Negative Environment ကို ရှောင်ပြီး မိမိကိုယ်ကို စိတ်ဓာတ်မကျအောင် Motivation ပေးတတ်ဖို့ လိုမယ်။ အားပေးစကားပြောမယ့်သူအနား၊ ပတ်ဝန်းကျင်မှာနေပါ။

ကိုယ့်ကို ငတုံး ဘာသင်သင် မတတ်နိုင်ဘူး မထင်ထားပါနဲ့၊ သင်ဟာ သင်ထင်တာထက် ပိုသင်ယူနိုင်တယ်၊ ပိုတော်တယ်၊ မိမိကိုယ်ကို တွန်းအား မပေးမိလို့၊ action ယူပြီး သေချာမလုပ်မိလို့ပါ။

ကိုယ့်ကိုလဲ Fast Learner ဖြစ်အောင် အမြဲ ကြိုးစားအားထုတ်ဖြစ်လို့ လုပ်ဖြစ်တဲ့ အချက်လေးတွေ ရေးပေးထားတာပါရှင်။

အထက်ပါအချက်အလက်တွေကို ကြည့်ပြီး သင့်ကိုသင် သင်ယူတာ မြန်တဲ့ Fast Learner လား၊ နှေးတဲ့ Slow Learner လို့ ထင်ပါသလား ပြောပြပေးပါဦး။

ချစ်ခြင်းများစွာဖြင့်
#MoefromAmerica ❤️

subscribe on YouTube 💌 shorturl.at/etKY9

(စာကို ကူးယူမယ်ဆိုရင် စာရေးသူနာမည်ပါ ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်)

~~~~~~~~~~~~~

အမေရိကန် အိပ်မက်ရှိသူတွေအတွက် American Dream စာအုပ်ကို
City Mart, Ocean, စာပေလောက၊ စာပေလမ်းနဲ့ တခြား စာအုပ်တိုက်တွေမှာ ဝယ်လို့ရပါတယ်။
နိုင်ငံတကာမှာလဲ ဝယ်လို့ရနေပါပြီ။

Instock ရနိုင်တဲ့နေရာတခု
📌https://www.facebook.com/100081102023560/posts/346065084773556/?mibextid=cr9u03