ဘယ်နိုင်ငံကို ရွေးချယ်သင့်လဲ?

နိုင်ငံရပ်ခြားကို ပြောင်းရွှေ့အခြေချမယ်၊ဘဝ အသစ်ပြန်စမယ် စဉ်းစားထားရင် ဘယ်နိုင်ငံမှာ နေသင့်လဲ လူတိုင်းစဉ်းစားရကြပ်ကြတဲ့ မေးခွန်းပါ။

သေချာ စဉ်းစားကြည့်ရင် အဖြေကတော့ Financially Stable ဖြစ်သင့်တဲ့ နိုင်ငံမှာ နေသင့်ပါတယ်။ အပြောင်းအလဲများတဲ့ နိုင်ငံမှာ နေရတာ အလုပ်ကို ခဏခဏ အစကနေပြန်လုပ်နေရတယ်။ ဘာမှ သေချာ မျှော်လင့်ထားလို့ မရတော့ ပိုက်ဆံတွေကို အိမ်ပဲဝယ်ရမလို၊ ရွှေပဲ ဝယ်ထားရမလို စိတ်ဖိစီးမှုတွေများနေရတယ်။ လက်ထဲကိုင်ထားတဲ့ ငွေတွေက တဖြေးဖြေးသေးသွားတယ်။

Financially Stable ဖြစ်တဲ့နိုင်ငံမှာဆို အသက်ကြီး ပင်စင်ယူရင် စုငွေရှိတယ်။
သာမန်လုပ်ခလစာနဲဲ့ အိမ်ဝယ်နိုင်တယ်၊ လူတန်းစေ့ ကောင်းကောင်းမွန်မွန် စားလို့သောက်လို့ရတယ်။ ပညာရေးကောင်းမွန်တယ်။ အလုပ်သမားတွေကို ကာကွယ်ပေးတဲ့ ဥပဒေရှိတယ်။ ကလေးတွေကို စောင့်ရှောက်မှုရှိတယ်။ ကား၊ ရထား transportation တွေ ကောင်းမွန်တယ်။

၂၀၅၀ ခုနှစ်ကျရင် ကမ္ဘာပေါ်မှာ အင်အားကြီးမယ့် နိုင်ငံ ၁၀ နိုင်ငံက

USA 🇺🇸
China 🇨🇳
India 🇮🇳
Japan 🇯🇵
Germany 🇩🇪
Australia 🇦🇺
Indonesia 🇮🇩
Canada 🇨🇦
UK 🇬🇧
France 🇫🇷

အမေရိကန်နိုင်ငံက အခု အင်အားကြီး အားသာနေပေမယ့် 2037 ခုနှစ်နောက်ပိုင်းကြရင် တရုတ်က ထုတ်ကုန်တွေကြောင့် ကမ္ဘာ့စီးပွါးရေးမှာ ပိုအင်အားကြီးထွားလာနိုင်တယ်လို့ ခန့်မှန်းထားကြတယ်။

ဘယ်နိုင်ငံမှာ နေဖို့ စိတ်ဝင်စားကြလဲ ပြောပြပေးပါဦးနော်။

#MoefromAmerica ❤️🇺🇸

Reference: CNBC