အမေရိကန်နိုင်ငံမှာ ကျောင်းတက်မယ်ဆိုရင်

အမေရိကန်နိုင်ငံမှာ ကျောင်းတက်မယ်ဆိုရင်…

Page Messages မှာ မေးခွန်းတွေ အရမ်းများနေတာ တယောက်ချင်းစီ မဖြေနိုင်တော့လို့ ဒီကပဲ ဖြေပေးပါတော့မယ်။

အမေရိကန်နိုင်ငံမှာ ကျောင်းတက်ချင်ရင်

🔹၁၀ တန်းမအောင်ရင် GED ဖြေပါ။
GED ဆိုတာ General Education Diploma အထက်တန်းအောင်တာနဲ့ ညီမျှတာ US နဲ့ Canada ကကျောင်းတွေက လက်ခံပါတယ်။ ၅-၆ လလောက်တက်ရပါတယ်။ search မှာရှာကြည့်ရင်မြန်မာနိုင်ငံမှာ သင်တန်းတွေ အများကြီးရှိပါတယ်။

🔹 ၁၀ တန်းအောင်ပြီးရင် Duolingo ဖြေပါ။

ပြီးရင် Community College လျှောက်လို့ရပါတယ်။ အသက် ၁၈-၂၈ လောက်အထိပဲ အဆင်ပြေပါမယ်။ ကျောင်းလခက တနှစ်ကို $10,000 ဝန်းကျင်ရှိပြီး နေစရိတ်၊ စားစရိတ်က တလ $1000-1500 လောက်ကုန်နိုင်ပါတယ်။ ကျောင်းတက်ရင်း အလုပ်လုပ်ရင် နာရီ ၂၀ ပဲကျောင်းမှာ တရားဝင်လုပ်လို့ရပါတယ်။ တကယ်ကျောင်းတက်မယ်ဆိုရင် စာဖတ်ရတာများလို့ ကျောင်းလခ နေစရိတ် အကုန် Cover ဖြစ်ဖို့ မလွယ်ပါဘူး။

🔹အသက် ၃၀ ဝန်းကျင် ဘွဲ့တခုရပြီးသားဆို 2nd Bachelor Degree သို့ Master Degree လျှောက်ပါ။ $10,000 စွန်းစွန်းကျောင်းတွေရှိပါတယ်။ (တချို့ကျောင်းတွေက Duolingo လက်ခံကြသလို တချို့က IELTS ဖြေခိုင်းပါတယ်။)

🔹Scholarship: GED၊ IELTs ဖြေပြီး စကောလားရှစ်ရနိုင်လားဆိုတော့ ….မရနိုင်ပါဘူးနော်။ Scholarship ရဖို့က နှစ်နဲ့ချီပြီး သေချာ Plan ချကြိုးစားလျှောက်ရတာပါ။ Program တိုင်းပေးတာမဟုတ်ပါ။ သူတို့ပေးတာကို တက်ရမှာပါ။

🔹Professional Degree ရချင်သူတွေ….ဆရာဝန်ဖြစ်ချင်တာ၊ Pharmacist၊ Physician Assistant ၊ Dentist ဖြစ်ချင်ရင် အသက် ၂၀-၃၅ အတွင်း စောစောလာပြီး ကြိုးစားပါ။ အသက် ၄၀ နောက်ပိုင်းဆို စာကခက် Language Barrier၊ cultural adaptation လုပ်နိုင်ဖို့ ခက်လို့ သိပ်မလွယ်လှပါဘူး။

🔹မြန်မာနိုင်ငံက ဆရာဝန်ဘွဲ့ရပြီးလို့ အမေရိကန်နိုင်ငံမှာ ဆရာဝန်ဖြစ်ချင်ရင် ကျောင်းပြီးပြီး ချင်း ၅ နှစ်အတွင်းလာပေးပါ။ အရမ်းကြာသွားရင် USMLE အောင်ဖို့ ခက်သလို Residency ရဖို့ လဲမလွယ်ပါဘူး။

Plan ahead of the Game လုပ်ရမယ့် အဆင့်တွေကို သေချာပြင်ဆင်ပါ။
တက်သင့်တဲ့ကျောင်းကို သေချာရွေးခြယ်ပါ။
ဖြေသင့်တဲ့ စာမေးပွဲဖြေပါ၊ စျေးမဆစ်ပါနဲ့။

အသက်အရွယ်နဲ့ မကိုက်တဲ့ ကျောင်းရွေးရင်လဲ သံရုံးက Visa ပေးမှာ မဟုတ်ပါဘူး။
Student Visa ပြင်ရတာ Long Process ပါ၊ နားလည်တတ်ကျွမ်းသူနဲ့ သေချာတိုင်ပင်ပြီး ပြင်မှ အချိန်ကုန် ငွေကုန်သက်သာပြီး လိုရာပန်းတိုင်ကို ချောချောမွေ့မွေ့ရောက်မှာပါ။

🔹Student Visa နဲ့လာပြီး A တင်ပြီးနေမယ် ကျောင်းမတက်ဘူး၊ အလုပ်ပဲလုပ်မယ်၊ …သဘောပါပဲ၊ Your life is your choice ပါ၊ တသက်လုံး Minimum Wages လုပ်ခ လစာနဲနဲ နဲ့ ပင်ပင်ပန်းပန်းလုပ်နိုင်တယ် ဆိုရင်လုပ်ပါ။ လုပ်ဖူးမှ လုပ်နိုင်မလား သိမှာပါ။

🔹A တင်ပြီးကျောင်းတက်မယ်၊ ကျောင်းရောက်ရင်ကောင်းတာပေါ့၊ A တင်ပြီး Medical School ပြီးသွားသူ၊ ကျောင်းပြီးသူတွေ ရှိခဲ့သလိုကျောင်းမရောက်တဲ့ သူတွေ အများကြီးပါပဲ။ မိမိစိတ်ကို control လုပ်နိုင်ပြီး ပျော်စရာ၊ လည်စရာ၊ ဝယ်စရာများတဲ့ နိုင်ငံမှာ ဦးတည်ရာ မပျောက်ဖို့ပဲလိုပါတယ်။ The most important thing is consistency and resilience.

⛔️ အမေရိကန်နိုင်ငံကို အလုပ် visa နဲ့လာလို့မရပါဘူး။

အခုပြောပြပေးသွားတဲ့ အကြောင်းအရာတွေကို သေချာဖတ်ပေးပါ၊မိုးမှာလဲ လုပ်စရာ အလုပ်တွေရှိသေးသလို ရှေ့ဆက်လုပ်ရမယ့်အလုပ်တွေအတွက် Amazing Plan တွေ စီစဉ်ချမှတ်နေရလို့ Page မှာ 24 hours အမြဲမပြတ် ရှိမနေဖြစ်လို့ လာမေးတာ မဖြေပေးဖြစ်ရင် စိတ်မရှိကြပါနဲ့နော်။

(Generally ဖြစ်နိုင်တာကို ရေးပေးထားတာပါ။ တချို့ Exceptional Case ရနိုင်တာတွေလဲ ရှိနိုင်ပါတယ်။ )

လိုရာပန်းတိုင်ကို ရောက်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

#MoefromAmerica ❤️🇺🇸

———-
#MoefromAmerica is an Experienced and Expert in Education. She studied in Australia in her teenage years, then she went to Community College and Universities in United States. She has earned her Doctorate Degree in Pharmacy and currently working as a Pharmacist.

အမေရိကန်နိုင်ငံမှာ အောင်မြင်တဲ့ ကျောင်းသားတယောက်ဖြစ်ချင်တယ်ဆိုရင် #MoefromAmerica ကို ဆက်သွယ်နိုင်ပါတယ်။

#MoefromAmerica က Student Visa နဲ့ Visit Visa တင်ပေးပါတယ်။ တတိယနိုင်ငံက Visa ဝင်ချင်ရင်လဲ စီစဉ်ပေးပါတယ်။

Career Advice လိုအပ်ရင်လဲ ဆက်သွယ်နိုင်ပါတယ်။