၁၀ တန်း မအောင်ရင် GED ဖြေပါ

“၁၀ တန်း မအောင်ရင် GED ဖြေပါ”

Netflix မှာ ပေါ်ပြူလာ ဖြစ်ခဲ့တဲ့ Senior Year Movie ထဲက Rebel Wilson က high-school cheerleader ဖြစ်ပြီး ကျောင်းက Game မှာ ကရင်း ပြုတ်ကျတာ Coma ရသွားတာ (မေ့သွားတာ) အနှစ် ၂၀ လောက် ကြာသွားတယ် ။

သူမ သတိရလာတော့ မပြီးသေးတဲ့ အထက်တန်း ကျောင်းကို ဆက်တက်ချင်တယ် သူငယ်ချင်းတွေက သူမအသက် အသက် ၄၀ လောက်ဖြစ်နေပြီမို့ အထက်တန်းကျောင်း သွားတက်ရင် ရှက်စရာဖြစ်နေမှာမို့ GED ပဲဖြေဖို့ ပြောကြတယ်။

၁၀ တန်းမအောင်ရင် GED ဖြေပြီး နိုင်ငံခြားမှာတက္ကသိုလ်တက်လို့ရတယ်နော်။

General Education Development (GED)ဆိုတာဘာလဲ?

GED ဆိုတာ အမေရိကန်နိုင်ငံနဲ့ ကနေဒါ ကလက်ခံတဲ့ အထက်တန်းအောင်တာနဲ့ ညီမျှတဲ့ High School Certificate တခုပါ College မှာ enroll လုပ်ရင် GED လက်မှတ်ပါရင် လက်ခံကြတယ်။

⏱ GED က အချိန်ဘယ်လောက်ယူမှာလဲ? ⏱
၁- ၂ နှစ်ပါ! ကျောင်းနဲ့ ဝေးနေရင် ၂ နှစ်လောက်တော့ အချိန်ယူရပါမယ်

GED ဆိုတာ ဘယ်နှနှစ် ဘယ်နှလ လေ့လာရမယ် ဘယ်ကျောင်းတက်ရမယ် မသတ်မှတ်ထားပါဘူး ကိုယ်လေ့လာမှုပေါ်မူတည်ပြီး အဆင့်သင့်ဖြစ်ပြီဆိုရင် Online Testing Center မှာ သွားဖြေလိုက်ရုံပါဘဲ။

တစ်ချို့ English Speaking ကောင်းကောင်းတက်ဖူးပြီး ၉ တန်း ၁၀ တန်းစာနဲ့လည်း အကြာကြီးမဝေးသေးဘူးဆိုတော့ ၅-၆ လ နဲ့လည်း GED ကိုအောင်နိုင်ပါတယ် ။

📖 GED က ဘယ်နှစ်ဘာသာသင်လဲ?

အားလုံးပေါင်း ၄ ဘာသာရှိပါတယ်!
▪️ Language Art ( အင်္ဂလိပ် )
▪️ Mathematician ( သင်္ချာ )
▪️ Social Studies ( လူမှုရေး )
▪️ Science

🔹 Language Art (English)
အင်္ဂလိပ် မှာ ၃ ပိုင်းပိုင်းထားပါတယ်။
– Reading for Meaning
– Identifying and Creating Arguments
– Grammar and Language

🔹 Mathematics
သင်္ချာ မှာ ၄ ပိုင်းပိုင်းထားပါတယ်။
– Basic Math
– Geometry
– Basic Algebra
– Graphs and Functions
🔗GED Math practice on youtube
https://youtu.be/H4tUgH4nyd8?si=jKPhp6IkqDrQbiSf

🔹 Social Studies
လူမှုရေး မှာ ၃ ပိုင်းပိုင်းထားပါတယ်။
– Reading for Meaning in Social Studies
– Analyzing Historical Events and Arguments in Social Studies
– Using Numbers and Graphs in Social Studies

🔹 Science
သိပ္ပံ မှာ ၃ ပိုင်းပိုင်းထားပါတယ်။
– Reading for Meaning in Science
– Designing and Interpreting Science Experiments
– Using Numbers and Graphics in Science

💵 GED အောင်တဲ့ထိ ပိုက်ဆံဘယ်လောက်ကုန်မှာလဲ?

GED courses တွေတော့ Online ပေါ်မှာတော်တော်များများ Free ဖြစ်ပါတယ် ။ ပြည်တွင်းပြည်ပမြန်မာပြည် NGO တွေမှာလည်း Free Courses တွေပေးနေတာတွေ့ရသလို ဝန်ဆောင်မှုရှိတဲ့ GED သင်တန်း (Crown Education၊ YIUS ကျောင်း၊ Myanmar Ivy College of Business and Technology) တွေလည်း ရန်ကုန်မှာ အများကြီးရှိပါတယ်။

GED စာမေးပွဲဖြေဖို့ Practice လုပ်မယ်ဆိုရင် ဒီ Link တွေမှာ Free လေ့ကျင့်လို့ရပါတယ်
https://www.test-guide.com/free-ged-practice-tests.html

https://gedpracticetest.net/

GED စာမေးပွဲဖြေဆိုခ 💸

Pre Test = 6.99 USD
Pre Test က GED ဘာသာရပ်များမဖြေဆိုခင် သင်ဖြေနိုင်မဲ့အရည်ချင်းရှိ မရှိ စစ်ကြည့်တာပါ ဒီအဆင့်မအောင်ရင် GED ၄ ဘာသာကို အချိန်ဖြုန်း ငွေဖြုန်းပြီး ဖြေနေစရာမလိုပါဘူး။

GED ဖြေပြီးမအောင်ခဲ့ရင် နောက်တစ်ခါဖြေဖို့ တစ်ဘာသာခြင်းစီ နောက်ထပ်ဖြေဆိုခ $80 ပေးရမှာမို့ Pre Test ကို ဈေးသက်သက်သာသာနဲ့ အရင်ဖြေအောင်မှ GED ကိုပေးဖြေမှာဖြစ်ပါတယ်။

ရန်ကုန်မှာဆို Center (၃) ခုရှိပါတယ်။ Crown Education/ Royal Academic Institute
KMD နဲ့ MICT Park ထဲမှာ Center တခုရှိပါတယ် ။ အရင်ဆုံး ged.com ကနေ ကိုယ့် email acc နဲ့ကိုယ် နဲ့ person info ဖြည့်အကောင့်ဖွင့်ပြီး Exam Schedule ယူငွေသွင်းပီးမှ Center တွေမှာ သွားဖြေရတာပါ။ တချို့ အကောင့်တွေဆို Ready test/ Pre-test အရင်ဖြေပီးမှ Schedule ယူလို့ရပါတယ်။ Ready test မှာ 145 ရမှ real test ဖြေလို့ရတာပါ။

၁ ဘာသာကို ဖြေဆိုခ = $80
၄ ဘာသာမှာ ဒေါ်လာ $320 + Pre Test ခ $6 ဒေါ်လာနဲ့ 99 ပြား!

( မှတ်ချက်: အသက် ၁၈ နှစ်မပြည့်ရင် အသက် ၁၆ နှစ်ပြည့်ထားရင်လည်း Parents Consent Form တင်ပြီး ဖြေလို့ရပါတယ် )

၁၀ တန်းမအောင်လည်း စိတ်မလျှော့ပါနဲ့ ဇွဲရှိဖို့ကအဓိကပါ 💪💪💪

GED လက်မှတ် ရှိထားခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှုကိုလဲ တိုးတက်စေမှာပါ။

GED လေ့ကျင့်ဖို့ PDF Book ကို website မှာတင်ပေးထားပါတယ်။
🔗https://www.moefromamerica.com/kaplan-%e1%80%80%e1%80%91%e1%80%af%e1%80%90%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%99%e1%80%b1%e1%80%b8%e1%80%81%e1%80%bd%e1%80%94%e1%80%ba%e1%80%b8-%e1%81%82-%e1%80%85%e1%80%af%e1%80%b6%e1%80%95/

(တချို့ information တွေက အခြေအနေ အချိန်အခါ အလိုက်ပြောင်းလဲ နိုင်ပါတယ်)

ချစ်ခြင်းများစွာဖြင့်
xoxo
Dr.Moe
#MoefromAmerica ❤️🇺🇸
💌 Subscribe on youtube: shorturl.at/etKY9