Master Degree Major မတူတာ တက်မယ်ဆိုရင်

ဥပမာ- မြန်မာပြည်က B.A English နဲ့ပြီးထားတယ်၊ US မှာ Master in Accounting တက်ချင်တယ်ဆိုရင် လိုအပ်တဲ့ Credits တချို့ပြန်တက်ရပါတယ်။ 1-2 semesters လောက်တက်ရတယ်။

IELTs၊ Duolingo စာမေးပွဲ တခုခုဖြေရတယ်။

August မှာဖွင့်တဲ့ Fall Semester မှာတက်မယ်ဆိုရင် အခုကတည်းက စာမေးပွဲဖြေဖို့ ပြင်ဆင်သင့်နေပြီ။

Master Degree ကတက်ဖို့ ၂ နှစ်ပဲ ကြာပါတယ်။ Master Degree က Credits 30 လောက်တက်ရပြီး Semester တခု ၄ လကြာကို 4 semesters တက်ရပါတယ်။ 1 semester ကို 9 credits လောက်တက်ရပါတယ်။

စာကတော့ ခက်ပေမယ့် တပတ်ကို 1 credit ကို တနာရီ 9 credits ကို ၉ နာရီပဲ တက်ရတော့ တပတ် ၂-၃ ရက်ပဲ တက်ရတာပါ။ အလုပ်လုပ်ဖို့ အချိန်ရှိပါတယ်။

🔹Master တက်ရင် ဘာလိုလဲ?
အရင်တက်ထားတဲ့ ဘွဲ့က Grade Point Average (GPA) လိုပါတယ်။ GPA 3.0 နဲ့အထက်ရထားရင် ကောင်းပါတယ်။

🔹စာမေးပွဲတခုဖြေရတတ်တယ်။
ကျောင်းအလိုက်တက်ရမယ့် IELTs, Duolingo , GRE တွေလိုပါတယ်။

🔹တက်ခဲ့တဲ့ ကျောင်းက official transcripts လိုပါတယ်။

🔹Resume ၊ references တွေလိုတတ်ပါတယ်။

🔹၆ လ- တနှစ်လောက် အချိန်ယူပြင်ဆင်နိုင်ရင် ကောင်းပါတယ်။

Education Partner လုပ်မယ့်ကျောင်း နဲ့ Undergraduates Degree၊ Master Degree and PhD Program အတွက် ဆွေးနွေးနေတာ ကြာသပတေးနေ့မှ အပြီးသတ်မှာမို့ လိုအပ်ချက်တွေကို အဲတော့မှ အသေးစိတ်ပြောပြပေးပါမယ်ရှင်။

Stay Tuned for updates!

#MoefromAmerica ❤️🇺🇸
~~~~~~~~~
#MoefromAmerica is an an Experienced and Expert in Education. She studied in Australia in her teenage years, then she went to Community Colleges and Universities in United States. She has earned her Doctorate Degree in Pharmacy and currently working as a Pharmacist.