အမေရိကန်နိုင်ငံမှာ Driver License လုပ်မယ်ဆိုရင်…

အမေရိကန်နိုင်ငံ မှာ New York က လွဲလို့ ကျန်တဲ့ States တွေမှာ နေမယ်ဆိုရင် ကားမောင်းလိုင်စင်လိုပါတယ်။

Bus စောင့်စီးရင် တစီးနဲ့ တစီး နာရီဝက်-တနာရီ စောင့်ရတတ်တယ်။ အလုပ်သွားဖို့ ကားမောင်းတတ်မှ အဆင်ပြေမှာပါ။

National Conference of State Legislatures; National Immigration Law Center ရဲ့ မှတ်တမ်းအရ ဒီ states 10 ခုနဲ့ the District of Columbia က ဘာစာရွက်စာတမ်းမှ မရှိတဲ့ (unauthorized immigrants) တွေကို Driver License ထုတ်ပေးပါတယ်။

▪️California
▪️Washington
▪️Nevada
▪️New Mexico
▪️Maryland
▪️Washington DC
▪️Vermont
▪️Colorado
▪️Connecticut
▪️Illinois

မိမိရဲ့ Passport သို့ birth certificate မွေးစာရင်း သို့ ယခုလက်ရှိနေတဲ့ မိမိနာမည်ပါ လိပ်စာ evidence of current residency ကို ပြနိုင်ရမယ်။ များသောအားဖြင့် State တွေကတော့ Social Security number လိုပါတယ်။ တချို့ State တွေက Social Security Office ကိုသွားခိုင်းပြီး Social Security Denial Letter ရမှ Driver License လုပ်ပေးပါတယ်။

Visit or Student (Non-immigrant visa) နဲ့ ရောက်ကာစလူတွေက Social Security number မရှိကြဘူး၊ အဲလို ချောင်တဲ့ State တွေ၊ စစ်ဆေးတာအရမ်းမလုပ်တဲ့ State မှာ အရင်နေပြီး Driver License လုပ်လို့ရပါတယ်။ State တခုမှာ Driver License ရရင် အမေရိကန် တနိုင်ငံလုံးမှာ မောင်းလို့ရပါတယ်။

ပုံမှန်အားဖြင့် Driver License က သက်တမ်း 6 နှစ်ကနေ 8 နှစ်ပေးတတ်ကြပါတယ်။ State ပေါ် မူတည်ပါတယ်။ Visit နဲ့လာသူတွေဆို Visa သက်တမ်းရှိသလောက်ပဲ ပေးကြပါတယ်။

မြန်မာနိုင်ငံကလာရင် မိမိရဲ့ Driver License ကို English လို Notry ပြန်ခဲ့ပါ၊ International License 🪪 လုပ်နိုင်ရင်လဲ ယူခဲ့ပါ။ ရောက်ကာစဆို အဲဒါနဲ့ ၆ လ-၁ နှစ် ဝန်းကျင်မောင်းလို့ရပါတယ်။

အမေရိကန်နိုင်ငံမှာ Driver License ရဖို့ DMV ဒီအဆင့်တွေ လုပ်ရပါတယ်။
၁) DMV office ကို သွားပါ။
၂) Passport သို့ birth certificate သို့ ယခုလက်ရှိနေတဲ့ မိမိနာမည်ပါ လိပ်စာ evidence of current residency ကိုပြပါ။
၃) written test ရေးဖြေ၊ vision test မျက်စိစစ်ပါတယ်၊ road skills test ကားမောင်းပြရပါတယ်။
၄) ပြီးရင် License Fee ပေးရပါတယ်။

Driver License ဖြေဖို့လေ့လာမယ်ဆိုရင် Driver’s Manual youtube မှာ တင်ထားပေးပါတယ်။
🔗https://www.youtube.com/playlist?list=PLclHC1Z4XWLST1EIDawzP3M1qX2iint9p

(အထက်ပါ အချက်တွေထဲက လိုအပ်တာရှိရင်လဲ အပြုသဘောနဲ့ အကြံပြု ထောက်ပြပေးနိုင်ပါတယ်)

အားလုံးပဲ အဆင်ပြေကြပါစေ။

#MoefromAmerica ❤️🇺🇸

Sources: National Conference of State Legislatures; National Immigration Law Center