ကယ်လဖိုးနီးယား Bay Area ကကျောင်းတွေထဲမှာ စျေးအနိမ့်ဆုံး San Jose City College

ကယ်လဖိုးနီးယားက Bay Area က ကျောင်းတွေထဲမှာ စျေးအနိမ့်ဆုံးက San Jose City College ဖြစ်ပါတယ်။

▪️ကျောင်းသွင်းရင် Application Fee လဲ လုံးဝ ပေးစရာမလိုပါဘူး။

▪️Duolingo 90 ဆို လက်ခံပါတယ်။

▪️တနှစ်မှာ 2 semesters ရှိပြီး တနှစ်စာ ကျောင်းလခ $9794 ပေးရပါတယ်။

👼🏻💁🏻‍♂️💁🏻‍♀️ကျောင်းတက်မယ့် ကျောင်းသားနဲ့ အတူ ကလေးနဲ့ ဇနီး/ ခင်ပွန်းက F-2 Dependent Visa နဲ့ လိုက်လာမယ်ဆိုရင်တော့ တယောက်ကို Bank Statement $8000 ဆီပြပေးရပါမယ်။

San Jose က Silicon Valley နဲ့ နီးပြီး technology industry ပေါလို့ အလုပ်ရှာရလွယ်ပါတယ်၊ ရာသီဥတုက နေလို့ကောင်းပါတယ်။

မိုး အမေရိကန်နိုင်ငံကို စရောက်တုန်းက San Jose မှာနေခဲ့တာ ဖြစ်ပြီး အစ်ကိုဝမ်းကွဲတွေက San Jose State University ကနေ Engineering၊ Computer Science နဲ့ ဘွဲ့ရခဲ့ပြီး Silicon Valley မှာ အလုပ်လုပ်ခဲ့ကြပါတယ်။

San Jose က မြန်မာများပြီး နေလို့ကောင်းတာမို့ ရွေးခြယ်သင့်တဲ့ ကျောင်းလေးပါပဲ။

(community college မို့ အသက် ၃၀ အောက်ပဲ လျှောက်ဖို့ သင့်တော်ပါတယ်)

အမေရိကန်နိုင်ငံမှာ ကလေး ကျောင်းထားမယ်၊ Community College နဲ့ Master Degree တက်မယ်ဆိုရင် #MoefromAmerica နဲ့ ဆက်သွယ်နိုင်ပါတယ်။

#MoefromAmerica ❤️🇺🇸
———
#MoefromAmerica is Experienced in Education. She studied in Australia in her teenage years, then she went to Community Colleges and Universities in United States. She has earned her Doctorate Degree in Pharmacy and currently working as a Licensed Pharmacist.