အဝေးက လုပ်လို့ရတဲ့ အပိုဝင်ငွေရတဲ့ အလုပ်တွေ…

“အဝေးက လုပ်လို့ရတဲ့ အပိုဝင်ငွေရတဲ့ အလုပ်တွေ”

ကျောင်းတက်တုန်းက အတန်းထဲမှာ Canada က ကောင်မလေး တယောက်ရှိတယ်၊ သူက Fitness Coach/Trainer လုပ်တယ်၊ Fitness သင်တယ်၊ Meal Plan တွေ ရောင်းတယ်။ အတန်းတွေက ၉ နာရီစရင် သူ့ရဲ့ Fitness Class က တနာရီကြာတော့ မနက် ၇:၃၀ ၊ ကျောင်းပြီးရင် ထပ်တတန်းသင်သေးတယ်။ အဲလိုနဲ့ ပိုက်ဆံရှာပြီး သူ့ကျောင်းလခကို ပေးသွားတယ်။ ကျောင်းပြီးတော့ သူ Student Loan အကြွေး သိပ်မရှိဘူး။

သူ့ကို ကြည့်ပြီး သဘောကျမိလို့ အဝေးကနေ လုပ်လို့ရတဲ့ အလုပ်တွေ စလေ့လာလုပ်ဖြစ်ခဲ့တယ်။ Online စျေးရောင်းတဲ့ E-Commerce အလုပ်က စလုပ်ဖြစ်တာပေါ့။
🔗https://m.facebook.com/story.php?story_fbid=930789452386118&id=100063652153417
သင်တန်းတက်မယ့်သူတွေ မတ်လ ၉ ရက်နေ့ ဖွင့်မယ်နော်။

တချို့ Healthcare အလုပ်တွေလဲ work from home လုပ်လို့ရပါတယ်။ သူငယ်ချင်းတချို့လုပ်ကြတယ်။

ကိုသာဂိအလုပ်လဲ Work from home ပဲလုပ်ရတာ၊ တခါတလေ Meeting တို့၊ Presentation လုပ်ရမှ အလုပ်သွားရတာ။

သူငယ်ချင်းတယောက်က Cybersecurity လုပ်တာ၊ သူလဲ Work from Home ပဲလုပ်တယ်။

US မှာ ဘွဲ့ရထားရင် ကောင်းတာက တခြားနိုင်ငံတွေမှာ အလုပ်လွယ်လွယ် ကူကူခန့်ကြတယ်။ တချို့တွေဆို US မှာ စျေးကြီးတယ်ဆိုပြီး Thai၊ Philippines မှာသွားနေကြပေမယ့် US က ဘွဲ့ရထားတော့ Online ကနေ Remote Job လုပ်ကြတာ လစာက US မှပေးတဲ့ အတိုင်းရကြတယ်။

အပို ဝင်ငွေရချင်လို့ပဲဖြစ်ဖြစ်၊ ကလေးရှိမိခင်တွေ အိုးမကွာ အိမ်မကွာလုပ်ချင်တာပဲဖြစ်စေ အဝေးက လုပ်လို့ရတဲ့ အပိုဝင်ငွေရတဲ့ အလုပ်တချို့ပါ။ ပြေးနေလွှားနေရချိန်မှာလဲ ဝင်ငွေ မရပ်သွားရလေအောင် မိမိ skills တွေတိုးတက်အောင် လေ့လာပြီး လုပ်နိုင်ပါတယ်။

▪️Blogging/Vlogging
▪️Online Tutoring
▪️Content Writers
▪️Fitness Coach/Trainer
▪️Language Translator
▪️E-Commerce Seller
▪️Graphic Designer

ဘာလုပ်ဖို့ စိတ်ဝင်စားကြလဲ ပြောပြပေးပါဦးနော်။

#MoefromAmerica ❤️🇺🇸