EB 3 Visa နဲ့ American Dream အတွက် စွန့်စားပြီးလာခဲ့တဲ့ မိသားစု

“EB 3 Visa နဲ့ American Dream အတွက် စွန့်စားပြီးလာခဲ့တဲ့ မိသားစု”

တနေ့က အမတယောက် US ကို immigrant visa နဲ့ရောက်နေလို့ Career အသစ်စချင်လို့ Pharmacy သင်တန်းတက်ဖို့ ဆက်သွယ်လာတယ်။

Pharmacy Technician အလုပ် opening ကလဲ အိမ်နားမှာရှိတယ် အလုပ်လျှောက်ဖို့ သိချင်တာ ရှိလို့ ဖုန်းပြောချင်တယ်ဆိုလို့ ဒီနေ့ အလုပ်ကအပြန် ဖုန်းဆက်ပေးလိုက်တယ်။

အမတို့ မိသားစု ကလေး ၂ ယောက်အပါအဝင် immigrant visa နဲ့ မိသားစုလိုက် ရောက်လာတယ်ဆိုလို့ DV ပေါက်တယ်လို့ ထင်မိတာ၊ မဟုတ်ဘူး EB3 နဲ့ ရောက်လာတာလို့ ပြောပြတယ်။

၂၀၁၉ ခုနှစ်က စလျှောက်တာ ကို ဗစ် ကာလ Visa Processing တွေ ကြာသွားလို့ ၄ နှစ်နီးပါးကြာခဲ့တယ်။ EB3 မှာက skilled workers, နဲ့ unskilled worker ဆိုတာရှိတယ်။ သူတို့လျှောက်တဲ့ အချိန်က agent fee $16,000 ပေးခဲ့ရတယ်။ သူတို့က unskilled worker နဲ့ လျှောက်ထားလို့ အခုစက်ရုံတရုံမှာ အလုပ်လုပ်နေတယ်။

EB3 Visa အကြောင်း အသေးစိတ် YouTube မှာ နားထောင်လို့ရပါတယ်။
🔗https://youtu.be/sHc-QT3mRto

ရောက်ပြီး ၂ လကျော်ကြာတော့ အမေရိကန်နိုင်ငံမှာ နေထိုင်ခွင့် Permanent Resident (Green Card) အိမ်ကို ရောက်လာပြီး 10 နှစ် သက်တမ်းရထားတယ်။ EB3 Visa ရဖို့ စာချုပ်ချုပ်ထားတဲ့ အအေးခန်း စက်ရုံမှာ အလုပ်တနှစ်လုပ်ရပါတယ်။

နောက်ကျရင်တော့ အေးဆေးသက်သာလုပ်ရပြီး နေရာမရွေးလုပ်လို့ရတဲ့ အလုပ်မျိုးလုပ်ချင်တာမို့ အခုအလုပ်တဖက်လုပ်ရင်း မြန်မာလိုသင်ပေးတဲ့ Pharmacy သင်တန်း အားရင် လေ့လာဖို့ တက်လိုက်တာလို့ ပြောပါတယ်။

သင်တန်းက Online ကမို့ ၆ လအတွင်း အားတဲ့ အချိန် တက်လို့ရပါတယ်။
🔗https://m.facebook.com/story.php?story_fbid=830033565795041&id=100063652153417

သူတို့နေတဲ့ မြို့မှာလဲ EB3 Visa နဲ့လာတဲ့သူတွေ အများကြီးပဲတဲ့၊ တချို့တွေလဲ နိုင်ငံခြား companies မှာလုပ်သက်ကြာနေပေမယ့် Green Card လိုချင်လို့လာတဲ့သူတွေရှိပါတယ်။တိုင်းရင်းသားတွေလဲပါတယ်။

စောင့်ရတဲ့ ၄ နှစ်တာကာလ ပေးထားတဲ့ $16,000 ပလုံသွားပြီလား ထင်ခဲ့ပေမယ့် Visa Visa၊ Student Visa နဲ့လာပြီး နေထိုင်ခွင့်မရမှာ စိုးမိတာရယ်၊ Asylum လဲ မတင်ချင်လို့ ငွေကုန်ပြီး အချိန်ကြာပေမယ့် EB3 Visa ကို စွန့်စားပြီး လျှောက်ခဲ့တာလို့ ပြောပြပါတယ်။

EB3 visa လျှောက်ခဲ့တဲ့ အတွေ့အကြုံတွေကို interview အသေးစိတ်ပြောပြပေးဖို့ Request လုပ်တာ အမက သဘောတူတဲ့အတွက် နောက်အပတ် Monday March 10th မြန်မာစံတော်ချိန် 9:30 am မှာ Facebook Live အမေးအဖြေ အစီအစဉ်လေးရှိပါတယ်။

မေးချင်တဲ့ မေးခွန်းတွေ ရေးပေးထားနိုင်ပါတယ်။ စိတ်ဝင်စားလို့ Join မယ်ဆိုရင် Join လို့ရေးပေးပါဦးနော်။

#MoefromAmerica ❤️🇺🇸