ဖုန်းတလုံးရှိရုံနဲ့ ပိုက်ဆံရှာလို့ရမယ့် အလုပ် ၅ မျိုး

“ဖုန်းတလုံးရှိရုံနဲ့ ပိုက်ဆံရှာလို့ရမယ့် အလုပ် ၅ မျိုး”

အခုခေတ်မှာ smartphone က လူတိုင်းနီးပါးရှိကြပါတယ်၊ ဒါကြောင့်မို့ ဖုန်းနဲ့ လွယ်လွယ်ကူကူ ဝင်ငွေရနိုင်တဲ့ အလုပ်လေးတွေ စဉ်းစားကြည့်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

၁။ ရင်းနှီးမြှုပ်နှံခြင်း

ရင်းနှီးမြှုပ်နှံမှုနဲ့ ချမ်းသာကြွယ်ဝလာတဲ့ net worth $137.4 billion ရှိတဲ့ သူဌေးကြီး Warren Buffet ကပြောတယ် ရင်းနှီးမြှုပ်တာတွေ လုပ်ချင်ရင် အရင်ဆုံး ပိုက်ဆံအကြောင်း သင်ယူသင့်တယ်၊ ဆုံးရှုံးတာတွေဖြစ်တာက ဘာမှ မသိလို့ဖြစ်တာ၊ သိတာများလေ အမှားလုပ်တာနဲလေပဲ၊ “The more you learn, the more you earn.” မို့များများသိအောင် အကြောင်းအရာမျိုးစုံဖတ်သင့်တယ်။

ရင်းနှီးမြှုပ်နှံတာက ပိုက်ဆံခဏလေးနဲ့ ပြန်ရတာ မဟုတ်လို့ စိတ်မလောသင့်ဘူး။ online courses တွေတက်ပြီး skills တွေ တိုးတက်အောင် လုပ်ပါ။
စိတ်ထဲမှာ သတ္တိရှိလာပြီဆိုရင် beginner trading app ကို ဖုန်းထဲမှာ download လုပ်ပြီး စတင် လှုပ်ရှားနိုင်ပါပြီ။

၂။ ဓာတ်ပုံရိုက်ခြင်း

ဓာတ်ပုံရိုက်တာ ဝါသနာပါရင် passion into profit ဖြစ်အောင် ဝင်ငွေရအောင် ပြောင်းလို့ရတယ်။ Shutterstock and Adobe Stock ဆိုတဲ့ websites တွေမှာ ပုံတင်ပြီး ရောင်းလို့ရတယ်။

တခုရောင်းရတိုင်း commission ကော်မရှင်ရတယ်၊ ဓာတ်ပုံရောင်းရုံနဲ့ တလ $၃၂၀၀ ဝင်အောင်ရှာလို့ရတယ်။ ဒါပေမယ့် အချိန်ပြည့် full time လုပ်ဖို့လိုအပ်သလို ဝယ်သူတွေ စိတ်ကြိုက် ပုံမျိုးစုံရွေးလို့ရအောင် ပုံမှန်တင်ပေးနေရတယ်။

၃။ Food Delivery

ကားတစီး၊ ဖုန်းတလုံးရှိရုံနဲ့ ပိုက်ဆံရှာလို့ရတဲ့ အလုပ်တခုက Food Delivery အစားအသောက်ပို့တာပဲဖြစ်ပါတယ်။ DoorDash, Grubhub, ChowNow app တွေကို download လုပ်ပါ၊ application ကို app ကနေတင်ပါ၊ စဌားခံရတာနဲ့ လုပ်လို့ရပြီနော်၊ အမေရိကန်နိုင်ငံမှာဆို တနာရီကို $၂၄ လောက် ရတယ်၊ ကိုယ်လုပ်နိုင်သလောက်ရတယ်။ တကြောင်းပို့ပြီးတာနဲ့ ပိုက်ဆံဘယ်လောက်ရလဲ notification ရောက်လာတယ်။ Company ပေါ်မူတည်ပြီး အပတ်စဉ်၊ လစဉ် ထုတ်လို့ရတယ်။

၄။ YouTube Channel လုပ်ပါ

ရင်းနှီးမြှုပ်နှံတာ လုပ်သလိုပဲ YouTube channel လုပ်တာ ပိုက်ဆံတော့ ချက်ချင်းမရဘူး၊ ဒါပေမယ့် content ideas ကောင်းလေ ရေရှည် ပိုက်ဆံရလေပဲ။

advertisement revenue ၊ brand deals တွေကနေ ပိုက်ဆံဝင်တယ်၊ YouTuber တွေက တခါ view ကြည့်တိုင်း $0.018 ရတာမို့ အယောက် ၁၀၀၀ ကြည့်ရင် $18 ရပြီ၊ တချို့တွေဆို YouTube Channel ကနေ မီလျှံချီ ရှာလို့ရတယ်။

နာမည်ကြီး YouTuber Mr.Beast ဆို YouTube ကနေ ပိုက်ဆံရှာတာ မီလျှံ ၅၀၀ ဒေါ်လာ ရနေပြီ။ ဖုန်းတလုံးရှိရုံနဲ့ ဝင်ငွေရ အလုပ်ဖြစ်တယ်။ စိတ်ရှည် ဇွဲရှိဖို့တော့လိုအပ်ပါတယ်။

၅။ စျေးရောင်းခြင်း

Online မှာ စျေးရောင်းတာက big business ဝင်ငွေကောင်းတဲ့ အလုပ်တခုပါပဲ၊ Amzon, TheRealReal, Poshmark, eBay တွေမှာ စျေးရောင်းပြီး တနှစ်ကို six-figures ဒေါ်လာ ဂဏာန်း ၆ လုံးရှာနိုင်သူတွေ အများကြီးပါပဲ။

ဘာရောင်းချင်လဲ စဉ်းစားရွေးခြယ်ပြီး ပုံလှလှတင်ပြီး ပိုက်ဆံဝင်လာတာ ထိုင်ကြည့်ရုံပဲ။

Online မှာ စျေးရောင်းဖို့ စိတ်ဝင်စားသူတွေ အတွက် သင်တန်းကို March ၉ ရက်နေ့နောက်အပတ်ကျရင် စဖွင့်တော့မှာမို့ တက်မယ်ဆိုရင် Register လုပ်လို့ရတယ်နော်။
အသေးစိတ်ဖတ်ဖို့
🔗https://m.facebook.com/story.php?story_fbid=930789452386118&id=100063652153417

ဖုန်းတလုံးရှိရုံနဲ့ လုပ်လို့ရတဲ့ အလုပ်တွေက အများကြီးရှိပါတယ်။ ဝင်ငွေမျိုးစုံရပြီး financial empowerment ဖြစ်ချင်ရင် ဖုန်းကို စံနစ်တကျ သေချာ အသုံးချတတ်ဖို့ လိုအပ်ပါတယ်။ စိတ်ရှည် သည်းခံ ဇွဲရှိတယ်၊ ခေတ်နဲ့ အညီလေ့လာမှုတွေ လုပ်တယ်ဆိုရင် smartphone က ပိုက်ဆံရှာပေးတဲ့စက် money-making tool လိုပဲ ဝင်ငွေများများရစေပြီး မိမိအိပ်မက်ထဲက ဘဝကို တည်ဆောက်နိုင်မှာပါ။

အထက်ပါ အလုပ်တွေထဲက ဘယ်အလုပ်က မိမိနဲ့ ကိုက်ညီမယ် ထင်ပါသလဲ ပြောပြပေးကြပါဦးနော်။

#MoefromAmerica ❤️🇺🇸

(Share လို့ရပါတယ် ကူးယူဖော်ပြခွင့် မပြုပါ)
Reference: Forbes