“ရည်မှန်းချက် ပန်းတိုင်ချမှတ်ပါ”

အရမ်းတော်တဲ့ အောင်မြင်တဲ့သူတွေကို လူတော်တော်များများက ကံကောင်းလို့ ယူဆကြတယ်။ ဒါပေမယ့် သူတို့ရဲ့ ဘဝဇာတ်ကြောင်းကို ပြန်ကြည့်တဲ့အခါ အဲလိုအောင်မြင်မှုတွေ ရဖို့ ပထမဆုံး အရေးကြီးတာက ရည်မှန်းချက် ပန်းတိုင်ချမှတ်တာပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံက နာမည်ကြီး basketball player Michael Jordan ဆို ပြိုင်ပွဲတွေ အများကြီး နိုင်ဖူးတယ်။ NBA’s ရဲ့ အကောင်းဆုံး အားကစား သမားဆု ၅ ခါရဖူးတယ်။ Most Valuable Player (MVP) five times (1988, 1991, 1992, 1996, 1998) and was also named Defensive Player of the Year in 1988. သူ့မှာ ဘုရားပေးတဲ့ ကံထူးရှင် talent ရှိလို့လားဆိုတော့ မဟုတ်ပါဘူးနော်။ သူက သူ့ကိုယ်သူ ပြိုင်ဖက်ကင်းပြီး အကောင်းဆုံး basketball player တယောက်ဖြစ်အောင် ရည်မှန်းချက်ချထားပြီး အစွမ်းကုန် ကြိုးစားခဲ့လို့ပဲ။ ဒါကြောင့်မို့ ဘဝမှာ ထူးချွန် အောင်မြင်ချင်ရင် Ready…Set…Goal! ဆိုပြီး အနာဂတ် အတွက် ရည်မှန်းချက် ရည်ရွယ်ချက်ပန်းတိုင် စံနစ်တကျ ချမှတ်ထားဖို့ လိုပါလိမ့်မယ်။ ဘဝမှာ မိမိဖြစ်ချင်တာတွေ အတွက် ရည်မှန်းချက် ချမှတ်ထားပြီးကြပြီလား? မချမှတ်ထားရသေးရင် ယနေ့ကစပြီး ချမှတ်ပါ။ မိမိကိုယ်ကို ပြောင်းလဲဖို့ မိမိမှာပဲ တာဝန်ရှိပါတယ်။ ပြောင်းလဲဖို့ အသင့်ဖြစ်နေသူတွေ Ready…Set…Goal! လို့ မန့်ပေးကြပါဦးနော်။ #MoefromAmerica ❤️🇺🇸