Duolingo English Test (DET) စာမေးပွဲဖြေဖို့ ဘယ်လို ပြင်ဆင်ရမလဲ?

Duolingo English Test (DET) ဆိုတာက IELTS တို့ TOEFL တို့လိုပဲ နိုင်ငံတကာမှာ ကျောင်းတက်ဖို့ရာနဲ့ အလုပ်သွားရောက်လုပ်ကိုင်လိုတဲ့ non-native speaker တွေအတွက် English 4 skills ကို တတ်မြောက်မှုစစ်ဆေးပေးတဲ့ standardized test တစ်ခုပဲဖြစ်ပါတယ်။

Duolingo English Test- DETကိုဘယ်နိုင်ငံကကျောင်းတွေကလက်ခံလဲ?

DET ကိုတော့ USA, Canada, New Zealand, Ireland အပါအ၀င် တခြားသောနိုင်ငံပေါင်းများစွာမှာ လက်ခံပါတယ်။ အသေးစိတ်ကိုတော့ မိမိလျှောက်မယ့်ကျောင်းရဲ့ Requirement မှာကြည့်လို့ရသလို ပိုပြီးသေချာအောင် Admission ကို email ✉️ ပို့‌ပြီး မေးကြည့်ပါ။

အမေရိကန် နိုင်ငံက Community college တော်တော်များများက Duolingo အမှတ်
85-110 လောက်ရရပါမယ်။ Master Degree ဆို 120 လောက်တောင်းပါတယ်။

🔹Duolingo English Test ရဲ့အားသာချက်ကတော့ Test Centre သွားစရာမလိုပဲ မိမိအိမ်မှာပဲ တိုက်ရိုက်ဖြေဆိုနိုင်မှာဖြစ်ပါတယ်။
🔹Exam Fees ကတော့ $49 သာကျသင့်မှာဖြစ်ပါတယ်။
🔹 စုစုပေါင်းဖြေဆိုချိန် – ၆၀ မိနစ်
🔹မိမိဖြေဆိုထားတဲ့ test results ကိုလည်း ၄၈ နာရီ (၂ ရက်) အတွင်းသိနိုင်ပါတယ်။ Test Results ကလည်း ၂ နှစ်ထိ အကျုံးဝင် ပါတယ်။

Duolingo ဖြေဖို့ ဒီ YouTube channel ကနေလေ့လာနိုင်ပါတယ်။

1. Teacher Luke – Duolingo English Test
👉🏻https://youtube.com/@TeacherLuke-DET

2. English Idea by Rim Alam
👉🏻https://youtube.com/@englishideabyrimalam

3.Teacher Sally: Academic English Tips and Practice
👉🏻https://youtube.com/@TeacherSally

4. This is Yulia
👉🏻https://youtube.com/@ThisisYulia

5. Speaker English
https://youtube.com/@SpeakerEnglish

6. Duolingo English Test
👉🏻https://youtube.com/@DuolingoEnglishTest

Duolingo ဖြေရတာ TOEFL တို့၊ IELTS တို့လောက် မခက်သလို ပြင်ဆင်ရတာလဲ လွယ်ကူမြန်ဆန်ပါတယ်။ ဖြေထားခြင်းဖြင့် Visa Officers တွေက ဒိီကျောင်းသားက ကျောင်းတက်ဖို့ တကယ်ကြိုးစားတာပဲ၊ စိတ်ဝင်စားတာပဲဆိုပြီး Visa ရဖို့ Chance ကိုပိုမိုမြင့်မားစေပါတယ်။

ယခု​ဝေမျှ​​ပေးသွားတဲ့ Duolingo စာမေးပွဲ ကို YouTube channel များကိုကြည့်ပြီး အချိန်တိုတိုနဲ့ အမှတ်ကောင်းကောင်းရအောင် ဖြေဆိုနိုင်ကြပါစေလို့ #MoefromAmerica မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။

ကောင်းတဲ့ ကိုယ်တက်ဖူးတဲ့ Duolingo သင်တန်းတွေရှိရင်လဲ Comment မှာ Recommend ပေးကြပါဦးနော် 😍

ချစ်ခြင်းများစွာဖြင့်
#MoefromAmerica ❤️
Your Daily Dose of Brain Power
—————
Education၊ Relationships နဲ့ ပတ်သက်ပြီး Consult လုပ်ချင်တာ အမေရိကန်က လူနေထိုင်မှု ဘဝ/ အလုပ်အကိုင်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်တာရှိရင် http://m.me/MoefromAmerica ကိုစာပို့လို့ ရပါတယ်။

▪️အမေရိကန် Student Visa/ Visit Visa/ Business Visa လျှောက်ပေးပါတယ်။
▪️Business Visa အတွက် Invitation လဲလုပ်ပေးပါတယ်။
▪️Visa Rejected Case Review
▪️Interview ကို ယုံယုံကြည်ကြည်နဲ့ ဖြေတတ်စေဖို့ Interview Practice Service လဲပေးပါတယ်