“F-1 ကျောင်းသားဗီဇာ ငြင်းပယ်ခြင်းအတွက် အကြောင်းရင်းများ”

F-1 ကျောင်းသားဗီဇာလျှောက်ထားသူများအတွက် သေချာပြင်ဆင်ပြီးမှ လျှောက်ထားသင့်ပါသည်။ တက္ကသိုလ်တက်ရောက်မည့် လူငယ်များအတွက် ဗီဇာအင်တာဗျူး၏ ရလဒ်သည် နောက်လေးနှစ်တွင် သင် မည်သည့်နေရာတွင် နေထိုင်ရမည်— သို့မဟုတ် ဘဝအတွက် အရေးပါသော အရာများကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။ သင့်မိသားစုနှင့် သင့်အိပ်မက်များသည် ထိုအင်တာဗျူးအပေါ်တွင် မူတည်ပါသည်။ သေချာပြင်ဆင်မှု မရှိပါက ဗီဇာငြင်းပယ်ခံရပြီး ဘဝရည်မှန်းချက်များ ဝေဝါးသွားမည်ဖြစ်ပါသည်။

ယေဘုယျအားဖြင့်၊ ကျောင်းသားဗီဇာလျှောက်ထားသူတိုင်း ပြသရမည့်အချက်တွေကတော့
1) တရားဝင်ကျောင်းသား ဖြစ်ကြောင်း
2) ပညာရေးနှင့် US တွင်နေထိုင်မှုကုန်ကျစရိတ်များကို ကာမိနိုင်ရမည်။
၃) မိခင်နိုင်ငံသို့ ပညာရေးအစီအစဉ်ပြီးဆုံးပါက ပြန်မည်ဖြစ်ကြောင်း ပြသရပါမည်။

F-1 ကျောင်းသားဗီဇာ ငြင်းဆိုခံရသည့် အကြောင်းရင်းများ

ဗီဇာအတွေ့အကြုံ 25 နှစ်ကျော်ရှိတဲ့ Law Firm တခုရဲ့ ပြောပြချက်အရ

▪️Country of Origin- မူလနိုင်ငံသား
စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံရေးတည်ငြိမ်သော ဂျာမနီမှ ကျောင်းသားတစ်ဦးသည် ယေဘုယျအားဖြင့် ဗီဇာရဖို့ အခက်အခဲ မရှိသော်လဲ ဖွံ့ဖြိုးမှုနည်းသောနိုင်ငံ အာဖဂန်နစ္စတန်၊ ကွန်ဂိုနှင့် ပါကစ္စတန်တို့မှ လျှောက်ထားသူများမှာ ၎င်းတို့နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ လျှောက်ထားသူသည် ဖွံ့ဖြိုးမှုနည်းသောနိုင်ငံသို့ ပြန်လာရန် သိပ်မဖြစ်နိုင်သောကြောင့် ကျောင်းသားဗီဇာကို ရရှိရန် ခက်ခဲနိုင်သည်။

▪️Ties ချည်နှောင်မှု
ငယ်ရွယ်သော လျှောက်ထားသူများအတွက် ၎င်းတို့၏ မိဘများ၏ အလုပ်အကိုင်၊ ထောက်ပံ့နိုင်မှုသည် အရေးကြီးပါသည်။ အသက် 20 နှစ်ကျော် ကျောင်းသားဗီဇာလျှောက်ထားသူများအတွက်၊ ကောင်စစ်ဝန်သည် ၎င်းတို့အား “tweeners” အဖြစ် ရှုမြင်နိုင်သည်- ကျောင်းသားသစ်ဖြစ်ရန် အသက်ကြီးလွန်းခြင်း၊ မွေးရပ်မြေတွင် တက္ကသိုလ်ဘွဲ့ရပြီး ကုမ္ပဏီတစ်ခုတွင် လုပ်သက် 1 နှစ်အောက် အလုပ်လုပ်ခြင်းသည် ကျောင်းသားဗီဇာထုတ်ပေးခြင်းကို အထောက်အကူမပြုဘဲ ဗီဇာရဖို့ လှည့်စားခြင်းလို့ ထင်မြင်စေနိုင်သည်။

▪️အင်တာဗျူးပြဿနာများ
ကျောင်းသားဗီဇာ အင်တာဗျူးများသည် များသောအားဖြင့် 2-3 မိနစ်ကြာမြင့်သောကြောင့် လျှောက်ထားသူသည် အချိန်တို အတွင်း အခွင့်အရေးတစ်ခုသာ ရရှိသည်။ လျှောက်ထားသူ၏ အင်္ဂလိပ်စာ မလုံလောက်မှုသည် ဗီဇာငြင်းပယ်ခံရသည့် အကြောင်းရင်းခံဖြစ်သည်။ တက္ကသိုလ်ကို ရွေးချယ်ရခြင်း၏ အကြောင်းရင်းများကို တိကျစွာ မဖော်ပြနိုင်ခြင်း၊ မိမိလျှောက်ထားသည့် ကျောင်းအကြောင်း၊ ရိုးရိုးရှင်းရှင်းမေးခွန်းများကို မဖြေနိုင်ခြင်း (ဥပမာ၊ ဘွဲ့ရပြီးနောက် မင်းရဲ့ အစီအစဉ်တွေက ဘာတွေလဲ။ မင်းအဖေ ဘာအလုပ်လုပ်လဲ) မေးခွန်းတွေကို တိုတိုနဲ့ လိုရင်းဖြေတတ်ဖို့လိုပါတယ်။ စိတ်လှုပ်ရှားနေပြီး ရှည်လျား မတိကျ ဝေဝါးတဲ့ အဖြေတွေက အဆင်မပြေဘူး။ အင်တာဗျူးတွင် လျှောက်ထားသူ၏ စိတ်နေသဘောထားမှာလည်း အရေးကြီးသည်- တက်ကြွမှု မရှိခြင်း ၊ အောက်ငုံ့ကြည့်ခြင်း၊ ကိုယ်ဟန်အနေအထား၊ ဝတ်စားဆင်ယင်မှု ညံ့ဖျင်းခြင်း အားလုံးသည် အနုတ်လက္ခဏာဆောင်သော အကြောင်းရင်းများဖြစ်သည်။

▪️မလုံလောက်သော စာရွက်စာတမ်း သို့မဟုတ် မလုံလောက်သော ငွေကြေးများ
ကျောင်းသားဗီဇာလျှောက်ထားသူသည် ပညာရေးပရိုဂရမ်တစ်ခု၏ ပထမနှစ်အတွက် လုံလောက်သော ငွေရေးကြေးရေး ကို ပြသနိုင်ရမည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကောင်စစ်ဝန်များသည် လိမ်လည်မှုနှင့်ပတ်သက်၍ အလွန်သတိရှိကြသည်။ အင်တာဗျူးမစမီ 2 ရက်အလိုတွင် သင့်စပွန်ဆာ၏အကောင့်တွင် $50,000 လွှဲပြောင်းကြောင်းပြသသည့် ဘဏ်ရှင်းတမ်းတစ်စောင်ကို ယူဆောင်လာခြင်းသည် သံသယရှိစေမည်ဖြစ်သည်။ လစာနဲသော အစိုးရရာထူးရှိသော မိဘစပွန်ဆာများ၊ စပွန်ဆာများက တခြားသူဖြစ်ပါက “ဒီစပွန်ဆာကို မင်းဘယ်လောက်သိလဲ။ မင်းသူ့ကို နောက်ဆုံးတွေ့ခဲ့တာက ဘယ်အချိန်လဲ” မေးခံရနိုင်ပါတယ်။

▪️မကြာသေးမီက အမေရိကန်ဗီဇာ ငြင်းပယ်ခံရပြီး သေချာပြင်ဆင်မှု မရှိပဲ ထပ်လျှောက်ခြင်းသည် ဗီဇာ ထပ်ငြင်းပယ်ခံရဖို့ အကြောင်းအရာ တခုဖြစ်သည်။

▪️ကောင်စစ်ဝန်သည် ဗီဇာငြင်းပယ်ခံရခြင်း၏ အကြောင်းရင်းကို ပြန်လည်သုံးသပ်ပြီး ပထမအကြောင်းပြချက်သည် သူငယ်ချင်း၏မင်္ဂလာပွဲသို့တက်ရောက်ရန် Visit Visa လျှောက်ထားခဲ့ပြီး ၂ လအကြာ ကျောင်းသားဗီဇာ ထပ်လျှောက်ပါက ယုံကြည်မည် မဟုတ်ပါ။

▪️အခြားစာရွက်စာတမ်းပြဿနာများ
TOEFL သို့မဟုတ် GRE ရလဒ်များ သို့မဟုတ် ပညာသင်ဆု သို့မဟုတ် Bank Statement ကဲ့သို့ လိုအပ်သောစာရွက်စာတမ်းကို ယူဆောင်လာခြင်းမရှိသော မေ့လျော့နေသောလျှောက်ထားသူများသည် ဗီဇာမရသည့် အကြောင်းအရာတခုဖြစ်သည်။

▪️ဆွေမျိုးများ
အမေရိကန်မှာ ဆွေမျိုး၊ အင်တာဗျူးတွင် မကြာခဏမေးလေ့ရှိသောမေးခွန်းသည် US ရှိ ဆွေမျိုးများနှင့် သက်ဆိုင်ပါသည်။ DS-160 သည် ချက်ချင်း ဆွေမျိုးများ အတွက်သာမက US ရှိ အခြားသော ဆွေမျိုးများကို ဖြည့်ရပါမည်။ DS-160 ရှိ ဆွေမျိုးအား ထုတ်ဖော်ရန် ပျက်ကွက်ခြင်းသည် အကြောင်းအရာ မှားယွင်းစွာ တင်ပြခြင်းဟု ယူဆနိုင်ပြီး 212(a)(6)(C)(i) ဆုံးဖြတ်ချက်ကို ဖြစ်ပေါ်စေပါသည်။ အကယ်၍ လျှောက်ထားသူ၏ မောင်နှမ သားချင်း သည် Asylum ခိုလှုံခွင့်ဖြင့် အမေရိကန်တွင် ဆက်လက်ရှိနေပါက မိမိလဲ ဗီဇာရနိုင်မည် မဟုတ်ပါ။

▪️ကျောင်းကောင်း လျှောက်ထားခြင်းသည် ဗီဇာရဖို့ chance ပိုမြင့်စေပါတယ်။ နာမည်မကြီးသော ကောလိပ်၊ ဟန်ပြကျောင်းတွေထက် နာမည်ရှိသောကျောင်းကို လျှောက်ထားခြင်းသည် ဗီဇာပိုရစေနိုင်သည်။
ဥပမာ- နီဘရာစကာမြို့လယ်ရှိ Community College X ထက် “— Ivy League ကျောင်းလျှောက်ထားသူတစ်ဦးကို ပို၍ ဦးစားပေးခံရနိုင်သည်။

▪️DS-160s အမှားများ
DS-160 ဖြည့်ရာတွင် မှားယွင်းခြင်းကြောင့် ဗီဇာ ငြင်းပယ်ခံရနိုင်ပါတယ်။
DS-160 တွင် ဖော်ပြထားသော ဆက်သွယ်ရန်ပုဂ္ဂိုလ်များသည် သံရုံး၏ “အမည်ပျက်စာရင်း” သို့ US တွင် တရားမဝင်နေထိုင်ပါက ဗီဇာရဖို့ ခက်ခဲစေနိုင်ပါသည်။

▪️တတိယနိုင်ငံ၌ လျှောက်ထားခြင်း
မိမိရဲ့ တိုင်းပြည်မဟုတ်သော တခြားနိုင်ငံမှ သွားလျှောက်မည်ဆိုပါက လျှောက်ထားသူကိုကောင်စစ်ဝန်တစ်ဦးသည် သံသယဖြင့် ကြည့်ရှုနိုင်ပါသည်။ ဥပမာအားဖြင့်- ကျောင်းသားသည် ယမန်နှစ်က နိုင်ဂျီးရီးယားမှ ယူကေသို့ တရားဝင်ပြောင်းရွှေ့ခဲ့ပြီး ယခု US တွင် ပညာသင်ကြားလိုပါက ယုံကြည်မည် မဟုတ်ပါ။

▪️”ထာဝရကျောင်းသား” ပြဿနာ
အသက် ၃၀ အရွယ် အလုပ်မလုပ်ပဲ ကျောင်းပဲတက်နေသူ အလုပ်အတွေ့အကြုံ မရှိပဲ ကျောင်းပဲတက်နေပြီး ဦးတည်ရာမရှိသူသည် ဗီဇာရနိုင်မည် မဟုတ်ပါ။ ဥပမာ-လျှောက်ထားသူသည် ဘဏ္ဍာရေးအတိုင်ပင်ခံအဖြစ် အလုပ်လုပ်နေပြီး အမေရိကန်နိုင်ငံမှာ ဂျာနယ်လစ်ဇင်သင်တန်းတက်ရန် ဘာကြောင့်လျှောက်ထားရသနည်း?” လုပ်သည့်အလုပ်နှင့် လျှောက်ထားသည့် ဘာသာရပ် ဆက်စပ်မှုရှိသင့်သည်။

▪️နည်းပညာဆိုင်ရာကိစ္စများ
SEVIS စနစ်တွင် အမှားထည့်မိခြင်း၊ အချက်အလက်များ ထည့်သွင်းရန် ပျက်ကွက်မှု၊ ကျောင်းအရာရှိတစ်ဦးမှ ကြီးကြပ်မှု—အသေးအဖွဲဟုထင်ရသော်လည်း၊ ထိုကဲ့သို့သော နည်းပညာဆိုင်ရာ အမှားများသည် နှောင့်နှေးခြင်းနှင့် ဗီဇာ ငြင်းဆိုမှုများကို ဖြစ်ပေါ်စေနိုင်သည်။

▪️အချိန်မီ လျှောက်ထားရန် ပျက်ကွက်ခြင်း
I-20 တွင် စတင်သည့်နေ့စွဲကို လိုက်နာရန် လိုအပ်ပါသည်။ နောက်ကျသော လျှောက်လွှာကျောင်းသားဗီဇာလျှောက်လွှာကို ဗီဇာပယ်ချနိုင်ပါသည်။

ဦးတည်ရာမဲ့၊ အသက်ကြီးသော ရည်ရွယ်ချက်မရှိသော ကျောင်းသား၊ အလုပ် အတည်တကျ မရှိသောသူများသည် အမေရိကန် ကျောင်းသား Visa ကို ပါးနပ်မှုမရှိသော လျှောက်ထားသူများဖြစ်သည်။ စစ်မှန်သော ခိုင်မာသော ပညာရေး ရည်ရွယ်ချက်မရှိပါက မိခင်နိုင်ငံကို ပြန်လာဖို့ ရည်ရွယ်ချက်မရှိကြောင်း ထင်မှတ်စေပါသည်။

ဗီဇာ အငြင်းခံရမှုများ မဖြစ်အောင်….

ကျောင်းသားဗီဇာ ၇ ကြိမ်ထိလျှောက်ပြီးမှ ရခဲ့တဲ့ အမျိုးသမီးငယ်တစ်ယောက် ပြောပြချက်အရ မိမိရဲ့ဇာတိနိုင်ငံ သို့မဟုတ် မိဘများကို မပြောင်းလဲနိုင်သော်လည်း ကျောင်းသားများ လုပ်ဆောင်နိုင်သည့် အရာများစွာရှိပါသည်။ F-1 Student Visa ငြင်းဆိုခံရမှုများကို ရှောင်ရှားရန် သင်လုပ်ဆောင်နိုင်သည့် အရာများသည်
▪️အစကတည်းက သေချာစွာ စီစဉ်မှု၊ ပြင်ဆင်မှု
▪️interview အတွက် အင်္ဂလိပ်စာ ပြင်ဆင်မှု
▪️ဝတ်စားဆင်ယင်မှု
▪️Eye Contact တို့သာ ဖြစ်ပါသည်။

Visa ပထမတခါ ငြင်းပယ်ခံရပါက

▪️ကျွမ်းကျင်သောသူ အကူအညီနဲ့ DS-160 ကို ပြန်လည်သုံးသပ်ခြင်း
▪️စာရွက်စာတမ်းများကို သေချာပြန်လည်ပြင်ဆင်ခြင်း
▪️အင်တာဗျူး Training သေချာလေ့ကျင့်သွားခြင်း ဖြင့် ဗီဇာ အငြင်းခံရမှုများ မဖြစ်အောင် ရှောင်ရှားတတ်ဖို့ အရေးကြီးပါသည်။

ကျောင်းသားဗီဇာ ပထမတကြိမ် ငြင်းပယ်ခံရပြီးနောက်တွင် ကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ရန် မတိုင်ပင်ပဲ မူလအတိုင်း ထပ်တင်သူများသည် ဗီဇာထပ်မရပဲ ငြင်းပယ်ခံရဖို့ ပိုများပါသည်။ ငြင်းပယ်ခံရသည့်အခါ အချိန်ကုန်၊ ငွေကုန်၊ စိတ်ဓာတ်ကျမှုများစွာဖြစ်ပေါ်နိုင်တာမို့ ကျွမ်းကျင်သူနဲ့ တိုင်ပင်ပြီး ဗီဇာထပ်တင်ဖို့ အရေးကြီးပါတယ်။

F1 Student Visa အငြင်းခံထားရပါက အထက်ပါ အချက်တွေနဲ့ ဘယ်အချက် ကိုက်ညီနေပါသလဲ ပြောပြပေးပါဦးနော်

ချစ်ခြင်းများစွာဖြင့်
#MoefromAmerica ❤️
Your Daily Dose of Brain Power

subscribe on YouTube 💌 shorturl.at/etKY9

(စာကို ကူးယူမယ်ဆိုရင် စာရေးသူနာမည်ပါ ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်)

Reference: White & Associates Attorney at Law
———-
Education၊ Relationships နဲ့ ပတ်သက်ပြီး Consult လုပ်ချင်တာ အမေရိကန်က လူနေထိုင်မှု ဘဝ/ အလုပ်အကိုင်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်တာရှိရင် http://m.me/MoefromAmerica ကိုစာပို့လို့ ရပါတယ်။