“အမေရိကန်နိုင်ငံမှာ ကျောင်းတက်မယ်ဆိုရင် ဘာတွေ စစ်ကြည့်သင့်လဲ?”

ဒီနေ့ မနွေးဆိုတဲ့ Singapore မှာ အလုပ်လုပ်နေတဲ့ အမတယောက်က အမေရိကားမှာ Master in Engineering တက်ဖို့ ကျောင်းတကျောင်းမှာ ဝင်ခွင့်လျှောက်တာနဲ့ ပတ်သက်ပြီးလာတိုင်ပင်လို့…..

သူသွင်းထားတဲ့ ကျောင်းက 1993 ခုနှစ်ကမှ စတင်ဖွင့်ထားတဲ့ California က Private University တခုဖြစ်နေတယ်။ ကျောင်းတည်ရှိတဲ့ နေရာနဲ့ ယှဉ်ရင် ကျောင်းလခကလဲ စျေးအရမ်းသက်သာနေတယ်။ အဲဒါနဲ့ Engineer လုပ်နေတာ လုပ်သက် ၁၅ နှစ်ရှိနေပြီဖြစ်တဲ့ သူငယ်ချင်းကို လှမ်းမေးကြည့်လိုက်တယ်။

Engineer ကျောင်းတက်ရင် ဘာကြည့်သင့်လဲလို့ …

သူကပြောတယ် US မှာ engineering programs တက်ဖို့ စဉ်းစားရင် ABET ( Accreditation Board for Engineering and Technology) accreditation ရှိတဲ့ ကျောင်းမှာပဲ တက်မှ global educational standards ကိုမှီမှာ။
အလုပ်ရှင် အများစုက ABET accreditation ရှိတဲ့ ကျောင်းက ဘွဲ့ရသူပဲ အလုပ်ခန့်ကြတာများလို့ စျေးပေါတဲ့ ဟန်ပြ Scam ကျောင်းတွေတက်ပြီးရင် ဘွဲ့စာရွက်တခုပဲ ရပြီး အလုပ်ရမှာ မဟုတ်ပါဘူး။

အမေရိကန်နိုင်ငံမှာ ဟန်ပြ Scam schools တွေ အများကြီးပါပဲ။ အဲလိုကျောင်းတွေမှာ တက်မိရင် သင်ပြတဲ့ဆရာတွေကလဲ မကောင်း၊ ဘာမှလဲ မတတ်ပဲ စိတ်ညစ်ရပြီး အချိန်ကုန်၊ ငွေကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။

ပြီးခဲ့တဲ့ ၂ ပတ်ကပဲ ဖလော်ရီဒါ Palm Beach School of Nursing နဲ့ colleges ၂ ခုကို nursing diplomas လက််မှတ် နဲ့ အမှတ်စာရင်းတွေ ၇၆၀၀ ကျော် အတုလုပ်မှုနဲ့ လူ ၂၅ ယောက်ကို ဖမ်းသွားပြီး ကျောင်းကိုပါ တခါတည်းပိတ်လိုက်ပါတယ်။

အမေရိကန်နိုင်ငံမှာ Engineering တက်မယ်ဆိုရင် မှန်ကန်တဲ့ Program တခုကို ရွေးခြယ်ဖို့ အရေးကြီးပါတယ်။

* Accreditation အသိအမှတ်ပြုတာ
* Curriculum သင်ရိုးညွှန်းတမ်း
* Reputation ဂုဏ်သတင်း
* Internships ကျောင်းတက်ရင်း အလုပ်သင်ဆက်သွယ်ထားတာတွေရှိလား? (ဥပမာ-MIT ဆိုရင် နာမည်ကြီးမို့ သူ့ဆီကထွက်တဲ့ ကျောင်းသားဆိုရင် အလုပ်ခေါ်ချင်သူတွေ ဝိုင်းဝိုင်းလည်ပါ)
* Location တည်နေရာ တွေကို ကြည့်ပါ။

အင်ဂျင်နီယာတယောက်က တိကျသေချာစွာတွက်ချက်တတ်ရပါတယ် (strong attention to details)၊ ငယ်ရွယ်စဉ်ကတည်းက သင်ယူလိုစိတ်၊ တည်ဆောက်ချင်စိတ်တွေရှိရပါတယ်။

အခုတော့ သေချာရှင်းပြလိုက်လို့ မနွေးလဲ ပေးရတဲ့ အချိန်နဲ့ ကုန်ကျတဲ့ ပိုက်ဆံတန်အောင်
ABET accreditation ရှိတဲ့ Engineering ကျောင်းမှာပဲ ရှာတက်တော့မယ် ဖြစ်သွားပါပြီ။

အဲကျောင်းကို လျှောက်တဲ့ အစ်ကို တယောက်လဲ ပြီးခဲ့တဲ့ ၂ ရက်က Visa Rejected ဖြစ်လို့လာပြောပါတယ်။ Reputation ဂုဏ်သတင်းမရှိတဲ့ ကျောင်းတွေဆို Visa Reject ဖြစ်တာများပါတယ်။ အဲဒီ California က Private School နာမည်က Westcliff University လို့ခေါ်ပါတယ်။ အဲလိုကျောင်းတွေက သွင်းရတာ လွယ်ကူပါတယ်။ I-20 ရတာ အရမ်းမြန်ပါတယ်။ ကျောင်းသားတွေဆီက ပိုက်ဆံ ရဖို့ အရေးကြီးနေပြီး Quality မမှီသော ကျောင်းတွေပါ။

အမေရိကားလာပြီး ကျောင်းတက်တာ ကောင်းသလို မိမိကုန်ကျသောပိုက်ဆံ၊ အချိန်နဲ့ တန်သော ပညာရဖို့၊ ကျောင်းပြီးရင် အလုပ်ရဖို့ အရေးကြီးပါတယ်။ အမေရိကန်နိုင်ငံ နေတာကြာတဲ့ ကျောင်းပြီးထားပြီး လုပ်ငန်းခွင်ထဲ ဝင်နေတဲ့ Seniors တွေဆီက အကြံရယူပြီး Scam ဟန်ပြ စာရွက်သာပေးမယ့် ကျောင်းတွေက တက်မိခြင်း ကင်းဝေးကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

ချစ်ခြင်းများစွာဖြင့်
#MoefromAmerica ❤️
Your Daily Dose of Brain Power

subscribe on YouTube 💌 shorturl.at/etKY9

(စာကို ကူးယူမယ်ဆိုရင် စာရေးသူနာမည်ပါ ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်)

References: NYtimes
———–
Education၊ Relationships နဲ့ ပတ်သက်ပြီး Consult လုပ်ချင်တာ အမေရိကန်က လူနေထိုင်မှု ဘဝ/ အလုပ်အကိုင်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်တာရှိရင် http://m.me/MoefromAmerica ကိုစာပို့လို့ ရပါတယ်။