အမေရိကား မှာကျောင်းတက်ကြမယ်…

အမေရိကား မှာကျောင်းတက်ကြမယ် 👩‍🎓👨‍🎓

▪️ကျောင်းတက်ဖို့ ဘာလိုလဲ?

၉ တန်း/၁၀ တန်းအောင်ရပါပြီ။
IELTS, TOEFL , Duolingo Test တွေထဲက တခုခုဖြေပါ။
Duolingo ဆိုလွယ်လဲ လွယ်ပါတယ်။ အမှတ် ၁၀၀ လောက်ရအောင် ဖြေပါ။

ဖြေစရာမလိုတဲ့ ကျောင်းတွေရှိပါတယ်။
ဒါပေမယ့် ဖြေတာက Visa ရဖို့ Chance ပိုမြင့်မားစေတယ်။
ကျောင်းတက်တဲ့ အခါလဲ စာလိုက်နိုင်ဖို့ ပို အဆင်ပြေစေတယ်။

▪️ဈေးအသက်သာဆုံးတက်ချင်တယ်ဆိုရင်

Community college ကိုစတက်ပါ။
ကျောင်း၂နှစ်တက်ရပါတယ်။
ကျောင်းပြီးရင် Associate degree ရပါတယ်။
တစ်နှစ်ကို $10000 ဝန်းကျင်ရှိပါတယ်။

Technology College တွေတက်မယ် ဆိုရင် Associate degree ကို တနှစ် $6000 ပဲရှိပါတယ်။

ကောလိပ်၂နှစ်ပြီးရင် Associate Degree ရတာနဲ့ University တတိယနှစ် ကိုတက်လို့ရပါပြီ။ 2နှစ်တက်ပြီးတာနဲ့ Bachelor degree ရပါပြီ။ စျေးသက်သာချင်ရင် State University တွေမှာတက်ပါ။

▪️State တွေရွေးခြယ်ရင်
စစဆို မြန်မာတွေများတဲ့ New York, California တို့လိုနေရာမျိုး မြို့ကြီးကိုရွေးခြယ်ပါ။ မဟုတ်ရင် တယောက်တည်းနေရတာ၊ အထီးကျန်တာတွေ၊ အစားအသောက်မတူညီတူ၊ အပေါင်းအသင်းမရှိတာတွေနဲ့ စိတ်ဓာတ်ကျသွားနိုင်ပါတယ်။

▪️ဘယ်ဘာသာတက်ရမလဲ?
ကိုယ်တိုင်လဲ ဝါသနာပါပြီး ကျောင်းပြီးရင် အလုပ်ရနိုင်သော ဘာသာရပ်မျိုးကို ရွေးခြယ်ပါ။ ဝါသနာပါမှ ထူးချွန်ပေါက်မြောက် အောင်မြင်ပြီး ကျောင်းပြီးအောင် တက်နိုင်မှာပါ။

အမေရိကား မှာကျောင်းတက်ရတာ/ ကျောင်းတက်ရမှာ ပျော်ရဲ့လား ပြောပြပေးပါဦး။

ချစ်ခြင်းများစွာဖြင့်
#MoefromAmerica ❤️
—————-
Education နဲ့ ပတ်သက်ပြီး Consult လုပ်ချင်တာ အမေရိကန်က လူနေထိုင်မှု ဘဝ/ အလုပ်အကိုင်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်တာရှိရင် http://m.me/MoefromAmerica ကိုစာပို့လို့ ရပါတယ်။

▪️Singapore, Thailand, Taiwan, Korea, Japan နဲ့ နိုင်ငံတကာက Student Visa/ Visit Visa/ Business Visa လျှောက်ပေးပါတယ်။
▪️Business Visa အတွက် Invitation လဲလုပ်ပေးပါတယ်။
▪️Resume Editing & Job Application Service
▪️Interview ကို ယုံယုံကြည်ကြည်နဲ့ ဖြေတတ်စေဖို့ Interview Practice Service လဲပေးပါတယ်ရှင်။