“ အမေရိကန်နိုင်ငံမှာ ကျောင်းလာတက်လို့ လေဆိပ်မှာ ပေးမဝင်ပဲ အငြင်းခံရရင် ဘာလုပ်ကြမလဲ?”

အမေရိကန်နိုင်ငံကို ပညာသင်ဖို့ F1 Visa ရပေမယ့် အခန့်မသင့်ရင် လေဆိပ်မှာ ပေးအဝင်မခံတတ်တာတွေရှိတတ်ပါတယ်။ ကျောင်းသားတချို့ဆို လာတဲ့လေဆိပ်ကို ပြန်ပို့ခံရပါတယ်။

Visa ရတိုင်းလဲ လေဆိပ်က ပေးဝင်တာမဟုတ်ပါဘူး။ Visa ရပြီး လေဆိပ်က CBP (U.S. Customs and Border Protection) officer’s ရဲ့ အင်တာဗျူးအောင်မှ အမေရိကန်မြေကို နင်းခွင့်ရှိတာပါ။

✅ Deportation ပြန်ပို့ခံရတာတွေ မဖြစ်အောင် ကျောင်းသားဘက်က စာရွက်စာတမ်းတွေ သေချာပြင်ဆင်ယူလာခဲ့ပါ။

လေဆိပ်က CBP officer ရဲ့ 5-10 မိနစ် မေးထွန်းကို ဖြေရတတ်ပါတယ်။

သူက ဒီမေးခွန်းတွေ မေးတတ်ပါတယ်။

▪️What is your purpose in entering the United States?
ဘာရည်ရွယ်ချက်နဲ့ အမေရိကန်နိုင်ငံကိုလာရတာလဲ?
▪️What school are you attending?
ဘယ်ကျောင်းမှာတက်မှာလဲ?
▪️How will you pay for your education?
ကျောင်းလခကို ဘယ်လိုပေးမှာလဲ?

လေဆိပ်မှာ မေးတတ်တဲ့ မေးခွန်းတွေကိုလဲ ကြိုတင် လေ့ကျင့်ထားနိုင်ပါတယ်။
How to answer Airport Immigration Questions?
👉🏻https://youtu.be/QNEFw4BL73g

လေဆိပ်မှာ အငြင်းခံရတဲ့ အကြောင်းတွေက ▪️ကျောင်းသားက ရာဇဝတ်မှု ကျူးလွန်ထားတာ။
▪️F1 visa သက်တမ်းလွန်နေတာ (ဘွဲ့ရပြီး ရက် ၆၀ ဆို သက်တမ်းလွန်တတ်ပါတယ်)
▪️ကျောင်းသားက SEVI fee မပေးထားတာ
▪️passport သက်တမ်းကုန်နေတာ
▪️အတန်းတွေ အများကြီးကျတာ
▪️ကျောင်းမတက်ထားတာ
▪️ကျောင်းက ခွင့်မပြုပဲ off-campus အလုပ်တွေလုပ်တာ
▪️စာရွက်စာတမ်း အတုလုပ်တာ
▪️F1 Visa နဲ့ ကျောင်း Full Time အချိန်ပြည့် မတက်ပဲ အချိန်ပိုင်းပဲတက်တာ

ဒီစာရွက်စာတမ်းတွေကို တောင်းရင် အလွယ်တကူ ပြဖို့ မိမိနဲ့ အတူတကွရှိနေမယ့် ကျောပိုးအိတ် သို့ hand carry မှာထည့်ယူခဲ့ပါ။
1️⃣A valid passport with an expiration date after the completion of your US educational program
2️⃣Form I-20 signed by your DSO
3️⃣Copies of your acceptance and admission letters from the school
4️⃣A receipt for the I-901 SEVIS fee payment
5️⃣Documentation to prove valid financial support for your US education
6️⃣Original documents relating to your undergraduate and/or other education degrees
7️⃣A copy of any past educational transcripts
8️⃣The name and contact information of your school’s DSO
9️⃣Your address in the United States

အကယ်လို့ Deport လုပ်ခံရတယ်ဆိုရင် ရှေ့နေဆီ ဆက်သွယ်ခွင့်တောင်းပါ။ Call Immigration team at(480) 626-2388 to discuss your case today.

ကံကောင်းကြပါစေ။

ချစ်ခြင်းများစွာဖြင့်
#MoefromAmerica ❤️
Your Daily Dose of Brain Power

subscribe on YouTube 💌 shorturl.at/etKY9

(စာကို ကူးယူမယ်ဆိုရင် စာရေးသူနာမည်ပါ ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်)

Reference: Jacksonwhitelaw