“အမေရိကန်နိုင်ငံမှာ Real Estate Agent ဖြစ်ချင်သူတွေ အတွက် Tips လေးပါ”

ဒီနေ့ သူငယ်ချင်း တယောက်က မိတ်ဆက်ပေးလို့ Brian ဆိုတဲ့ လုပ်သက် ၃၇ နှစ်ရှိနေတဲ့ သူ့မိဘတွေလဲ Real Estate Agent လုပ်လာတဲ့ အသက် ၆၅ နှစ်အရွယ် Experienced Real Estate Agent တယောက်နဲ့ အိမ်တွေ သွားကြည့်ခဲ့တယ်။

ကျွန်မလဲ Real Estate အကြောင်းလေ့လာနေသူတယောက်ဖြစ်လို့ သူ့ကို Real Estate Agent ဖြစ်ချင်သူတွေ သိသင့်တာလေးတွေ မေးဖြစ်ခဲ့တယ်။

▪️အောင်မြင်တဲ့ Real Estate agent တယောက်ဖြစ်ဖို့က Networking က အရေးကြီးဆုံးပဲ။ လူများများနဲ့ သိလေ ကောင်းလေပဲ။ Great Customer Service ဆက်ဆံရေးကောင်းရမယ် ပြီးရင် ကိုယ့် client တွေနဲ့ အမြဲ keep in touch ဖြစ်နေရမယ်။

▪️သူကတော့ သူ့ နဲ့သိသူတွေပဲ၊ အသိကတဆင့်လာသူတွေပဲ Relator အနေနဲ့ ဆောင်ရွက်ပေးဖြစ်တယ်၊ မသိတဲ့သူတွေက waste time အချိန်ဖြုန်းတတ်သလို၊ လေးလေးစားစားလဲ မဆက်ဆံတတ်လို့တဲ့။ ဒါတောင် တလ အိမ် ၃ -၇ လုံးရောင်းနေရတယ်။

▪️Real Estate agent ဖြစ်ချင်ရင်စကားပြောနိုင်ရမယ်၊ သူဆို ကားမောင်းရင်းလဲ စကားပြော၊ အမြဲပြောနေရတယ်။ complex paperwork တွေ ကိုင်တွယ်နိုင်ရမယ်။

▪️Real Estate Agent တွေက အလုပ်ချိိန်ရှည်တယ်၊ တပတ် ၇ ရက်လုံး နာရီ ၆၀-၈၀ အထိ လုပ်ရတယ်။

80% သော Real Estate Agents တွေက မအောင်မြင်တတ်ကြဘူး၊ အောင်မြင်ဖို့ဆိုတာ လမ်းပြပေးတဲ့ mentor ကောင်း၊ training program ကောင်း အဆက်အသွယ်ကောင်း ရှိဖို့လိုတယ်။

နောက်ထပ် အရေးကြီးတာက ကိုယ်လုပ်တဲ့ အလုပ်က ကိုယ့်ကြိုက်ပြီး ကိုယ် စိတ်ပါတဲ့ အလုပ်ဖြစ်ဖို့လိုပါတယ်။

Real Estate agent တွေက အိမ်ရောင်းရရင် ကော်မရှင် ၃ ရာခိုင်နှုန်းကစရတာမို့ ငွေရေးကြေးရေးအရ fulfilling and financially rewarding ဖြစ်ကြပါတယ်။

အောင်မြင်တဲ့ Real Estate agent တယောက်ဖြစ်ဖို့ Networking ၊ Communication ၊ Customer Service ကောင်းဖို့လိုအပ်ပါတယ်။

#MoefromAmerica ❤️🇺🇸