အမေရိကန်နိုင်ငံမှာ ကလေးငယ်တွေကို ကျောင်းထားမယ်ဆိုရင် သိထားသင့်တဲ့ အချက်များ…

ဒီနှစ် မြန်မာနိုင်ငံက ဘွဲ့ ၃ ခုရထားတဲ့ ကထိက ဒေါက်တာ မမ တွေရဲ့ ကလေး ၃ ယောက်ကို ကျောင်းသွင်းပေးရင်း သိလာရတဲ့ အခက်အခဲ အကြောင်းအရာ တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

မြန်မာနိုင်ငံက ကလေးငယ်တွေကို US မှာ ကျောင်းထားမယ်ဆိုရင်

▪️အသက် ၆ နှစ်မှ စလက်ခံကြပါတယ်။

▪️SEVIS ရှိတဲ့ international students တွေကို လက်ခံတဲ့ ကျောင်းပဲထားလို့ရပါတယ်။ (အစိုးရကျောင်းတွေက international students ကို လက်မခံပါဘူး။

▪️grades 1-12 အထိ တက်မယ်ဆိုရင် ကျောင်းတွေက တနှစ်တခါ August/ September ပဲ လက်ခံကြလို့ ဒီနှစ် မမှီရင် ကြိုတင်ပြင်ဆင်ပြီး နောင်နှစ်မှ တက်လို့ရပါတော့မယ်။

✅လိုအပ်တာက တက်နေတဲ့ ကျောင်းက Grade၊ Recommendation Letters၊ တနှစ်စာ Bank Statements ကျောင်းက zoom နဲ့ interview ပါတယ်။

▪️ကျောင်းလခက တနှစ်ကို $20-40,000 ဝန်းကျင် ရှိကြပြီး ကျောင်းတွေက I-20 မချပေးခင် ကတည်းက တနှစ်စာလုံး သွင်းခိုင်းကြပါတယ်။

▪️ကျောင်းထားမယ်ဆိုရင် US မှာ စောင့်ရှောက်ပေးသူရှိမှ ရမှာပါ၊ Singapore၊ Thai လို မိဘကို guardian visa မပေးပါ။ visit visa နဲ့ လိုက်လာလို့ ရကောင်းရနိုင်ပါတယ်။

International Students ကို တရားဝင် စောင့်ရှောက်သူဖြစ်ဖို့…

အသက် ၂၅ နှစ်အထက် US မှာနေထိုင်သူဖြစ်ရမှာဖြစ်ပြီး English လို ကောင်းကောင်းပြောနိုင်ရပါမယ်။ American conventions and the American educational system တွေကို နားလည် ကျွမ်းဝင်သူဖြစ်ရပါမယ်။

Community Colleges၊ Universities တွေထက် ကလေးကျောင်းသွင်းရတာ နဲနဲပိုကြာပြီး ရှုပ်ထွေးပါတယ်။

(အထက်ဖော်ပြပါ အချက်များမှာ US မှာ state တခုနဲ့ တခု policy မတူတာကြောင့် အနဲငယ် ကွဲပြားမှုရှိနိုင်ပါတယ်)

ကလေးကျောင်းထားပြီးလာတဲ့ မသက်နဲ့ interview ကိုလဲ နားထောင်ကြည့်နိုင်ပါတယ်။
🔗 https://youtu.be/Mf3H7RqQvu0

#MoefromAmerica ❤️🇺🇸