“လမ်းညွှန်ပြသသူရှာဖွေပါ”

မိမိရဲ့ ဘဝမှာ အလုပ်အကိုင်တွေမှာ တိုးတက်ချင်ရင် ဒီထက်ပိုမြင့်တဲ့ Level တခုရောက်ချင်ရင် coach လမ်းညွှန်ပြသသူရှာဖွေပါ။

နာမည်ကြီး အောင်မြင်တဲ့ ဘောလုံးသမား၊ basketball player တွေကို ကြည့်လိုက် ပြိုင်ပွဲမှာ Coach အမြဲပါတယ်၊ ကစားရင်း ရုတ်တရက် ဘာဆက်လုပ်ရမလဲ မသိရင် coach ကလှမ်းပြီး ဘယ်လိုလေးကန်၊ ဘယ်လို ဂိုးသွင်းရမလဲ သတိလှမ်းပေးရတယ်။ ဘဝမှာလဲ အဲလိုပဲ မျှော်လင့်မထားတာတွေဖြစ်လာတဲ့အခါ ရုတ်တရက် ဘာဆက်လုပ်ရမလဲ မသိဖြစ်ပြီး ဆုံးဖြတ်ချက်တွေမှားပြီး နှစ်အတော်ကြာ ယောင်လည်လည်ဖြစ်နေတတ်တယ်။

ကိုယ့်ရဲ့ အရှေ့က အတွေ့အကြုံများသူ၊ အောင်မြင်ထားသူတွေရဲ့ ခြေရာကို လိုက်နင်းတာ သူတို့လို အောင်မြင်ဖို့ သေချာတယ်။ စမ်းတဝါးဝါးနဲ့ အချိန်ကုန်၊ မလိုအပ်ပဲ ပိုက်ဆံကုန်တာလဲ သက်သာပြီး လမ်းမှန်ကို တန်းရောက်သွားစေတယ်။

အောင်မြင်တဲ့ လုပ်ငန်း၊ ဘဝ တခုဖြစ်ဖို့ အလေ့အကျင့်ကောင်း၊ စည်းကမ်းချမှတ်တာ၊ နည်းစနစ်ကောင်းတွေလိုအပ်ပါတယ်။

မိုးရဲ့ ဖြတ်သန်းလာခဲ့တဲ့ ဘဝမှာ ကံကောင်းတာက Mentors ကောင်း လမ်းပြပေးတာ ကောင်းတဲ့သူတွေနဲ့ တွေ့ခဲ့လို့ လိုရာပန်းတိုင်ကို အချိန်တိုအတွင်းရောက်ခဲ့တာပဲ။

အခုတော့လဲ အမေရိကားလာချင်သူတွေ၊ ပညာရေး၊ အလုပ်အကိုင်၊ စီးပွါးရေးနဲ့ ပတ်သက်ပြီး လမ်းညွှန်မှု လိုအပ်နေသူတွေကို ပြန်ပြီး လမ်းပြ ပြောပြပေးနိုင်နေပါပြီ။

ဘာပဲလုပ်လုပ် အတွေ့အကြုံများသူတွေဆီက သင်ယူလေ့လာခြင်းဖြင့် အောင်မြင်မှု ပန်းတိုင်ကို အချိိန်တိုနဲ့ အရောက်လှမ်းနိုင်မှာပါ။

#MoefromAmerica ❤️🇺🇸