“အသက်ကြီးပေမယ့် ပညာရေးနောက်လိုက်ဖို့ နောက်မကျသေးဘူး”

အမေရိကန်နိုင်ငံက “King of Queens” မှာ ပါဝင်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်
Leah Remini အသက် ၅၃ နှစ်အရွယ် ရောက်မှ New York University ကနေ Associate’s Degree ဘွဲ့ရသွားတယ်။

အဲဒီမတိုင်ခင်က သူမဟာ အတန်းပညာ ၈ တန်းအထိပဲရှိခဲ့ပါတယ်။ သူမဟာ အဆင့်အတန်းမြင့် ပညာတွေကို သင်ယူချင်ခဲ့ပေမယ့် အဲလောက်မတော်ဘူး၊ စာလိုက်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ စိုးရိမ်စိတ်တွေလဲရှိနေခဲ့ပါတယ်။

ကြောက်ရွှံ့ခဲ့တဲ့ ခရီးကို အသက် ၅၀ အရွယ်မှာ ၃ နှစ်တိုင်တိုင် ခက်ခက်ခဲခဲ ငိုယိုမျက်ရည်ကျပြီး ညပေါင်းများစွာ လက်မလျှော့တမ်း ကြိုးစားခဲ့ပြီး အသက် ၅၃ နှစ်မှာ ဘွဲ့တက်ယူနိုင်ခဲ့တာပါ။

“It’s never too late to continue your education and pursue what you have always wanted to achieve for yourself!” လို့ သူမက ပြောပြခဲ့ပါတယ်။

ဘဝမှာ ကိုယ်လိုချင်တာ အောင်မြင်ချင်တာတွေကို လုပ်ဖို့ ဘယ်တော့မှ နောက်မကျဘူး ကြိုးစားရင် အိပ်မက်ကိုအကောင်အထည်ဖော် နိုင်တယ်ဆိုတာ သူမက လက်တွေ့ သက်သေပြနိုင်ခဲ့ပါပြီ။

စာဖတ်သူရဲ့ အကောင်အထည်ဖော်ချင်တဲ့ အိပ််မက်တခုက ဘာဖြစ်မလဲဆိုတာ ပြောပြပေးပါဦးနော်။

#MoefromAmerica ❤️🇺🇸

Reference: CNN