“Software Engineer ဖြစ်စေမယ့် အခမဲ့ Google Courses ၅ မျိုး”

နည်းပညာ ခေတ်ကြီးမှာ Software Engineer တယောက်ဖြစ်ရင် လစာ ကောင်းပါတယ်။ ကျောင်းတက် ဘွဲ့ရတာ မဟုတ်လဲ မိမိကိုယ်ကို self-taught သင်ယူ လေ့လာပြီးလဲ Software Engineer တယောက်ဖြစ်နိုင်ပါတယ်။

 

အမေရိကန်နိုင်ငံမှာဆို Software Engineer တယောက်က တနှစ် လစာ ပျမ်းမျှ $150,000 လောက်ရကြပါတယ်။

 

Software Engineer ဖြစ်စေမယ့် Courses ၅မျိုးကတော့

 

1. Foundations of Programming
အရင်က computer နဲ့ ပတ်သက်ပြီး ဘာအတွေ့အကြုံမှ မရှိသေးရင် အခြေခံ programming concepts တွေ စလေ့လာပါ။ ဒီ course ကို တက်ခြင်းဖြင့် အခြေခံ programming တွေ သိလာပြီး အမြင့် Level ကို ထပ်သွားနိုင်လိမ့်မယ်။

 

* Variables and operators
* Control flow
* Strings and arrays

 

🔗https://techdevguide.withgoogle.com/paths/foundational/

 

2. Python
Software Engineer တယောက်ဖြစ်ဖို့ programming language အနဲဆုံးတခုလောက် ကျွမ်းဖို့လိုပါတယ်။ Python က သင်ယူရတာလွယ်ပြီး အလုပ် project တွေလဲ လုပ်နိုင်မယ်။ Python တတ်ထားခြင်းဖြင့် coding interviews မှာ အသုံးပြုလို့ရပါတယ်။
Google’s Python အတန်းက သင်ကြားမှု ဗီဒီယို၊ စာတွေ၊ လေ့ကျင့်ခန်းတွေနဲ့ မို့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

 

ဒါတွေ သင်ခန်းစာမှာပါပါတယ်။
* Python basics
* Lists and strings
* Sorting
* Dictionaries and files
* Regular expressions
* Utilities (from Python standard library)

 

🔗https://developers.google.com/edu/python

 

3. Data Structures and Algorithms

Coding ကျွမ်းသွားရင် နောက်တဆင့်က data structures and algorithms တွေ နားလည်ဖို့ပါ။ problem solving တွေရဲ့ အခြေခံမို့ သိထားသင့်ပါတယ်။

 

Data Structures & Algorithms သင်ခန်းစာမှာဆို ဒါတွေ သင်ယူရပါမယ်။

* Hashmaps
* Linked list
* Trees
* Tries
* Stacks and queues
* Heaps
* Graphs
* Runtime analysis
* Searching and sorting
* Recursion and dynamic programming

 

🔗https://techdevguide.withgoogle.com/paths/data-structures-and-algorithms/

 

4. Interview Prep

Software Engineer အလုပ် interviews သွားဖြေရရင် လေ့ကျင့်ဖို့ပါ။

 

🔗https://techdevguide.withgoogle.com/paths/interview/

 

5. Software Engineering Principles

Software engineer တယောက်က you သူတဖက်သား လူအများ နားလည်နိုင်တဲ့ well-documented code ကို သေချာရေးတတ်ဖို့လိုတယ်။ ဒါကြောင့်မို့ Software Engineering Principles course ကိုလဲ လေ့လာထားဖို့လိုပါမယ်။

ဒီ course ထဲမှာ ပါဝင်တာတွေက
* Testing and debugging
* Working with open source tools
* Design and documentation

🔗https://techdevguide.withgoogle.com/paths/principles/

အနှစ်ချုပ် အနေနဲ့ ပြောရရင် software engineer တယောက်အနေနဲ့ အသက်မွေးဝမ်းကျောင်းပြုချင်ရင် ဒီ အခမဲ့ courses တွေက အထောက်အကူဖြစ်စေမှာပါ။ စိတ်ဝင်တစားနဲ့ အချိန်ပေးပြီးလေ့လာဖို့တော့လိုမယ်နော်။

 

ဒီ courses တွေတက်ပြီး ဝင်ငွေကောင်းပြီး အောင်မြင် Software Engineer ကောင်းတယောက်ဖြစ်ဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

 

ချစ်ခြင်းများစွာဖြင့်
#MoefromAmerica ❤️🇺🇸

Reference: Google
———
အမေရိကန်နိုင်ငံမှာ ကျောင်းအပ်မယ်၊ Visa လျှောက်ဖို့၊ သံရုံး interview ဝင်ဖို့ အကူအညီလိုရင် #MoefromAmerica က ကူညီဆောင်ရွက် ပေးပါတယ်။

📧 mail2moee@gmail.com ကို ပို့ပြီး ဆက်သွယ်နိုင်ပါတယ်။