“ဆုံးဖြတ်ချက်မှန်ပါစေ”

အသက် ၂၀-၃၀ ကြား အရွယ်တွေက ဘဝမှာ အခက်ခဲဆုံး အချိန်ပဲ။

personality changes ဖြစ်တဲ့ အရွယ်မို့ ကိုယ့်ဘာသာကိုယ် ဘာဖြစ်ချင်မှန်း မသိကြဘူး။

မိဘစကားလဲ နားမထောင်ချင်ကြသလို ကိုယ့်ဘာသာ ဘာလုပ်ရမလဲ မသိကြဘူး။

အိပ်မက်က ရေရေရာရာ မရှိသလို အလုပ်အကိုင်ကောင်း၊ စီးပွါးရေး၊ ငွေရေးကြေးရေးကလဲ ခိုင်မာမှု မရှိကြသေးဘူး။

အသက် ၂၀-၃၀ ကြားကာလဟာ ဘဝမှာ အရေးကြီးဆုံး ဆုံးဖြတ်ချက်တွေ ချပေးတဲ့ ကာလ self-determined life ဖြစ်ပါတယ်။

မိမိဘဝမှာ နေချင်တာကို စတင်ပုံဖော်ရမယ့် အချိန်ပါ။

စိတ်ပညာရှင် Meg Jay က ပြောတယ် ဘဝမှာ အရေးကြီးတဲ့ ၈၀ ရာခိုင်နှုန်းသော ဆုံးဖြတ်ချက်တွေက အသက် ၃၅ နှစ် မတိုင်ခင်မှာ ချပြီးနေကြပြီ။

အသက် ၂၀-၃၀ ကြားမှာ တခုခုလုပ်ဖို့ ကြောက်နေတာ၊ တွေဝေနေတဲ့သူတွေက ဘဝမှာ အောင်မြင်ဖို့ မလွယ်ဘူး။

အသက် ၂၀-၃၀ ကြားမှာ အချစ်ရေးမှာပဲ အချိိန်ကုန်မနေပဲ ဖြစ်ချင်တာကို စွန့်စားလုပ်ကြည့်ပါ၊ အလုပ်မျိုးစုံလုပ်ရင်း မိမိနဲ့ သင့်တော်တာ တွေ့လာပါလိမ့်မယ်၊ ငွေရေးကြေးရေးကို budget ချတတ်အောင် စီမံပါ။

“survival of the busiest” အခက်ခဲဆုံးကာလကို ကောင်းကောင်းအသုံးချနိုင်ရင် ဆုံးဖြတ်ချက်ကောင်းချနိုင်ရင် ကျန်တဲ့ ဖြတ်သန်းရမယ့် ဘဝမှာ အေးဆေး အဆင်ပြေနေနိုင်သွားပြီ၊ ပေါ့ပေါ့ဆဆနဲ့ ဘဝကိုဖြတ်သန်းရင်လဲ အသက်ကြီးလာရင် အိပ်မက် အနာဂတ် မရှိသူ တယောက်ဖြစ်လိမ့်မယ်။

အနာဂတ်ဘဝမှာ သာသာယာယာနေနိုင်ဖို့ အသက် ၂၀-၃၀ နှစ် ကြားမှာ ဆုံးဖြတ်ချက်တွေ မှန်ဖို့လိုတယ်။

ဘာတွေလုပ်ဖို့ စဉ်းစားထားကြလဲ ပြောပြပေးပါဦး။

#MoefromAmerica ❤️🇺🇸