US မှာ ကျောင်းတက်ဖို့ ကျောင်းလျှောက်တာ ဘယ်လောက်ကြာတတ်လဲ?

✅ Community College ဆို တပတ်အတွင်း I-20 ရတဲ့ ကျောင်းတွေ ရှိပါတယ်။

 

✅ Master Degree ဆို Evaluates လုပ်ရသေးလို့ တလကျော်ကြာနိုင်ပါတယ်။

 

US မှာ ကျောင်းတက်ရင် IELTs၊ Duolingo စာမေးပွဲ တခုခုဖြေရတယ်။

 

August မှာဖွင့်တဲ့ Fall Semester မှာတက်မယ်ဆိုရင် အခုကတည်းက စာမေးပွဲဖြေဖို့ ပြင်ဆင်သင့်နေပြီ။

 

Master Degree ကတက်ဖို့ ၂ နှစ်ပဲ ကြာပါတယ်။ Master Degree က Credits 30 လောက်တက်ရပြီး Semester တခု ၄ လကြာကို 4 semesters တက်ရပါတယ်။ 1 semester ကို 9 credits လောက်တက်ရပါတယ်။

 

စာကတော့ ခက်ပေမယ့် တပတ်ကို 1 credit ကို တနာရီ 9 credits ကို ၉ နာရီပဲ တက်ရတော့ တပတ် ၂-၃ ရက်ပဲ တက်ရတာပါ။ အလုပ်လုပ်ဖို့ အချိန်ရှိပါတယ်။

 

🔹Master တက်ရင် ဘာလိုလဲ?
အရင်တက်ထားတဲ့ ဘွဲ့က Grade Point Average (GPA) လိုပါတယ်။ 4-5 years degree GPA 3.0 နဲ့အထက်ရထားရပါမယ်။

🔹စာမေးပွဲတခုဖြေရတတ်တယ်။
ကျောင်းအလိုက်တက်ရမယ့် IELTs, Duolingo , GRE တွေလိုပါတယ်။

🔹တက်ခဲ့တဲ့ ကျောင်းက official transcripts လိုပါတယ်။

🔹Resume ၊ references တွေလိုတတ်ပါတယ်။

🔹ကျောင်းလခက $10,000 ဆို တနှစ် 2 semesters တက်ရပြီး ကျောင်းလခက 1 semester ($5000) ဆီပေးရတာပါ။

 

Master Degree ကို Duolingo 105 နဲ့ တက်လို့ရတဲ့ University

🔗https://m.facebook.com/story.php?story_fbid=927098896088507&id=100063652153417

Master Degree ကို IELTs 6.5 နဲ့ တက်လို့ရတဲ့ University

🔗https://m.facebook.com/story.php?story_fbid=927766959355034&id=100063652153417

#MoefromAmerica ❤️🇺🇸
~~~~~~~~~
#MoefromAmerica is an an Experienced and Expert in Education. She studied in Australia in her teenage years, then she went to Community Colleges and Universities in United States. She has earned her Doctorate Degree in Pharmacy and currently working as a Pharmacist.