“အမေရိကန်နိုင်ငံမှာ EB-1A ဗီဇာရခဲ့တဲ့ အိန္ဒိယ နိုင်ငံသား တယောက်ရဲ့ စိန်ခေါ်မှုတွေ”

အမေရိကန် အစိုးရ၏ အချက်အလက်များအရ လူပေါင်း တစ်သန်းကျော်သည် employment-based immigration ကို ရရှိဖို့ စောင့်နေကြပြီး လူဝင်မှုကြီးကြပ်ရေး အဆင့်မှာ backlogs ဖြစ်နေကြသည်။ အထူးသဖြင့် ကျွမ်းကျင်သော အိန္ဒိယပညာရှင်များအတွက် အမြဲတမ်းနေထိုင်ခွင့် Permanent Residency ရရှိရန် ဆယ်စုနှစ်များစွာ စောင့်ဆိုင်းရမည်ဖြစ်သည်။

 

မဖြစ်နိုင်တာတွေ တားဆီးတဲ့ အခက်အခဲတွေ ကြားကနေ အမေရိကန်နိုင်ငံမှာ နေထိုင်ခွင့်ရသွားတဲ့ Ravi Tandon အတွက် LinkedIn feeds တွေမှာ ဂုဏ်ယူဝမ်းမြောက်နေကြပါသည်။ လွယ်ကူတဲ့ ခရီးက မဟုတ်ခဲ့ပေမယ့် ကြုံလာရတဲ့ အတားအဆီးတွေနဲ့ အဆင်မပြေမှုတွေကို ကျော်လွှားပြီး အောင်မြင်မှုရဖို့ သူ့ရဲ့ မယိမ်းယိုင်တဲ့စိတ်ပိုင်းဖြတ်မှုတွေကြောင့် နောက်ဆုံးမှာ သူမျှော်လင့်တဲ့ ရလာဒ်ရသွားခဲ့တာပါ။

 

Ravi သည် B-Tech ဘွဲ့ကို IIT Guwahati တွင် 2008 ခုနှစ်တွင် စတင်ခဲ့ပြီး ဘွဲ့ရပြီးနောက် အမေရိကန်နိုင်ငံရှိ Princeton University မှာ Master of Science in Engineering (MSE) in 2015 ခုနှစ်တွင် ပြီးမြောက်ခဲ့သည်။ ထို့နောက်တွင် Bay Area မှာ Staff Engineer အနေဖြင့် အလုပ်စတင်ခဲ့သည်။ ၅ နှစ်ကြာလုပ်ပြီးသည့်နောက် ကိုယ်ပိုင် startup ကို စတင်လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် visa အခက်အခဲတွေ ကြောင့် COVID အချိန်ကာလမှာ အိန္ဒိယကို ပြန်ခဲ့ရသည်။

 

လူငယ်အင်ဂျင်နီယာ တယောက်အနေနဲ့ အိန္ဒိယနိုင်ငံသို့ ပြန်လာကာ လုပ်ငန်း စတင်ရန် ဆုံးဖြတ်ခဲ့သော်လည်း မထင်မှတ်ထားသော စိန်ခေါ်မှုများကြောင့် အဆင်မပြေခဲ့ပါဘူး။

 

သူသည် 2021 ခုနှစ်တွင် F2 dependent ဗီဇာဖြင့် US သို့ပြန်သွားရန် ဆုံးဖြတ်ခဲ့သည်။ (F1 Student Visa ရထားတဲ့သူရဲ့ မှီခိုဗီဇာ) ၂ နှစ်တာ ကာလအတွင်း စိတ်ရှည်သည်းခံမှုနှင့် စွန့်ဦးတီထွင်မှုဆိုင်ရာ စိတ်ကူးစိတ်သန်းများနှင့်အတူ အလုပ်အကိုင်သစ်များကို စမ်းသပ်တဲ့ ကာလတခု ဖြစ်သည်။

 

2023 ခုနှစ် မတ်လတွင် သူသည် ထူးခြားသောအရည်အချင်းရှိသူများကို ပေးတဲ့ EB-1A ဗီဇာအတွက် လျှောက်လွှာတင်သွင်းခဲ့သည်။ လအတော်ကြာ ပြီးနောက် critical turning point အနေနဲ့ September 2023 တွင် အထောက်အထားတောင်းခံမှု Request for Evidence (RFE) ကိုရရှိခဲ့ပြီး 2023 ခုနှစ် ဒီဇင်ဘာလတွင် Ravi ၏ လျှောက်လွှာကို ခွင့်ပြုခဲ့ပြီး အမေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် Permanent Residency ကိုရရှိခဲ့သည်။

 

EB-1A ဗီဇာဆိုတာဘာလဲ?
ထူးခြားသော စွမ်းရည်ရှိသော non-US residents အမေရိကန်နိုင်ငံမှာ နေထိုင်သူမဟုတ်သောသူများကို ပေးသောအလုပ်အကိုင်အခြေခံ ဗီဇာဖြစ်သည်။ “သိပ္ပံ၊ အနုပညာ၊ ပညာရေး၊ စီးပွားရေး သို့မဟုတ် အားကစား” နယ်ပယ်များတွင် ထူးကဲသောကျွမ်းကျင်မှုရှိရပါမည်။

 

Ravi က ၂၀၂၃ ခုနှစ်မှာ
@decoverAI လုပ်ငန်းစတင်ဖို့ စိတ်ကူးကို a legal tech company @decoverAI ကို တည်ထောင်ခဲ့ပြီး May 2024 မှာ Ravi တယောက် အမေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် Permanent Residency ကိုရရှိခဲ့သည်။

 

အခက်အခဲ တားဆီးမှုများစွာရှိခဲ့ပေမယ့် တခုမဟုတ် တခု ကြိုးစားခဲ့တဲ့ Ravi တယောက် နောက်ဆုံး ဇွဲဆုအနေနဲ့ သူအလိုချင်ဆုံး ဆုလာဒ်ကို ရရှိသွားလို့ ပြုံးပျော်နိုင်ပါပြီ။

 

No matter what challenge you are currently facing, remember: “I did not come this far only to come this far.” Keep going. Keep trying. Keep trusting. Keep believing. Keep growing. Heaven is cheering you on today, tomorrow, and forever.

#MoefromAmerica ❤️🇺🇸
Reference: LinkedIn