US Visa Reject ရရခြင်း အကြောင်းများ

ဒီတလော US visa rejected ဖြစ်လို့လာမေးတဲ့သူ အများစုကို သုံးသပ်ကြည့်ရင်

 

▪️သေချာစဉ်းစားပြီး မပြင်ဆင်ပဲ Visa ကို အလျှင်လိုရချင်တာကြောင့်

▪️မိမိနေထိုင်ရာ အရပ်နဲ့ Strong Tie မရှိတာ

▪️နိုင်ငံတခုကို ရောက်တာ အချိန်ခဏပဲရှိပြီး US Visit Visa တင်တာ

▪️မိဘ၊ မောင်နှမ သားချင်း၊ ခင်ပွန်း၊ ဇနီးက US မှာ Asylum တင်ထားလို့

▪️ပြန်လာမယ့် အကြောင်းသေချာ မပြောပြနိုင်တာ

▪️အလုပ်အကိုင်မရှိ၊ ဘယ်နိုင်ငံမှ မသွားဖူးတာတွေကြောင့်ပါ။

 

US visa တကယ်ရချင်လို့ တင်မယ်ဆိုရင် သေချာပြင်ဆင်ဖို့လိုပါမယ်။ စိတ်လောပြီးတင်ရင် $185 ပဲ ပလုံဖြစ်သွားနိုင်ပါတယ်။

 

Visa Rejected ဖြစ်ခဲ့ရင်လဲ ၃-၆ လလောက် လိုအပ်တာတွေ ပြန်ပြင်ဆင်ပြီးမှ ဝင်ပါ။ ဘာအချက်အလက်မှ မပြောင်းပဲ ချက်ချင်းပြန်ဝင်ရင် Visa မရနိုင်ပါဘူး။

 

ကြိုတင်ပြင်ဆင်မှုမရှိပဲ Visa တင်ရင် လိုက်လေ ဝေးလေ ပိုက်ဆံသာကုန်ပြီး လူမောစိတ်မောနဲ့ Visa မရတာပဲဖြစ်ပါလိမ့်မယ်။

 

မိမိအခြေအနေနဲ့ဖြစ်နိုင်တာကို သုံးသပ်ပြီး အချိန်ယူ ပြင်ဆင် Visa တင်မှ သာလျှင် Visa ရနိုင်မှာပါ။

 

Visa တင်ရင် သိသင့်တာတွေကို Youtube မှာ ပြောပြပေးထားပါတယ်။ အားရင် နားထောင်ကြည့်ပါနော်။

 

Visiting to the United States
🔗https://youtube.com/playlist?list=PLclHC1Z4XWLQMVxd8douC81sVNsSXj2pk&si=9tUPYJiIapn9un_k

Study in USA 🇺🇸
🔗https://youtube.com/playlist?list=PLclHC1Z4XWLTxM5Lx9ZOx5K4VxxVtMUYd&si=Iah4iYCM-vDst9ww

 

ကံကောင်းကြပါစေ။
#MoefromAmerica ❤️🇺🇸