“နိုင်ငံခြားမှာ အလုပ်ရှာနည်း”

မြန်မာငွေတန်ဖိုး ကျဆင်းလာတာနဲ့အမျှ နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့ ကျောင်းသူ/သားတွေကို မိဘတွေက ထောက်ပံ့ရတာ ခက်ခဲလာစေပါတယ်။

မိဘတွေကို စာနာသောအားဖြင့် မိမိဘာသာ နေစရိတ်/စားစရိတ် ရှာဖို့ အလုပ်လုပ်ဖို့လိုအပ်လာပါပြီ။ တချို့တွေက Myanmar Groups တွေထဲမှာ posts တင်ရှာတာတွေ့ရတယ်။

အဲလိုရှာတာထက် အလုပ်လိုနေတယ်လို့ ကြော်ငြာထားတဲ့ websites တွေမှာ ကိုယ့်ရဲ့ skills တွေကို resume ရေးပြီး ရှာတာက ပိုရနိုင်ချေရှိပြီး ကိုယ်ကြိုက်တဲ့အလုပ်၊ လစာလဲရနိုင်ပါတယ်။

အိမ်နားက ဆိုင်တွေမှာလဲ resume ကိုင်ပြီးတဆိုင်ဝင် တဆိုင်ထွက် မေးပါ။

🔗https://craigslist.org/ မှာ အလုပ်တွေ ရှာလို့ရသလို မိမိနေတဲ့ ပတ်ဝန်းကျင်မှာ အလုပ်ခေါ်တာတွေကို https://nextdoor.com မှာ ရှာကြည့်ပါ။

Resume ရေးနည်း၊ အလုပ်ရှာနည်း Videos တွေကိုလဲ YouTube မှာ တင်ပေးထားလို့ အချိန် အားရင် လေ့လာကြည့်နိုင်ပါတယ်။

How to write a Resume?
🔗https://youtu.be/d-vuKyuvBXg

How to find a job in USA
🔗https://youtu.be/z7PNKkmC6e4

တချို့တွေလဲ မိုး ပြောပြတာတွေလိုက်လုပ်ကြည့်ပြီး US စရောက်ပြီး မကြာခင် အလုပ်ရသွားတယ်လို့ လာပြောပါတယ်။

အားလုံးပဲ အဆင်ပြေကြပါစေ။

#MoefromAmerica ❤️🇺🇸