Professional vs. Ph.D Degree

အမေရိကန်နိုင်ငံမှာ အာရှနွယ်ဖွား မိဘတွေရဲ့ ရူးသွပ်မှုတခုရှိတယ်၊ အဲဒါကတော့ သားသမီးတွေကို ဒေါက်တာဘွဲ့ရစေချင်တာပါပဲ။

 

ဒေါက်တာဘွဲ့ရခြင်းဖြင့် လစာမြင့်တယ်၊
Job Security အလုပ်အကိုင်အတွက် စိတ်ပူစရာမလိုဘူး။ ဂုဏ်သိက္ခာရှိတယ်၊ တည်ငြိမ်ပြီး လူရိုသေတယ်။

 

ဒေါက်တာဘွဲ့မှာ ၂ မျိုးရှိတယ်။
တခုက Professional (Applied Doctorate) ဖြစ်ပြီး နောက်တခုက Academic Doctorate (Ph.D) ဘွဲ့ပါ။

 

Professional Doctoral ဘွဲ့တွေက မြန်မာပြည်မှာ ဆရာဝန် MBBS လိုဘွဲ့ကို ခေါ်တာပါ။

 

* Medicine
* Pharmacy
* Dentistry
* Physical therapy
* Osteopathic medicine
* Occupational therapy
* Law တွေပါဝင်ပါတယ်။

 

Ph.D ကျတော့ သုတေသန research အပိုင်းကို သွားပါတယ်။ Ph.D. ဘွဲ့မှာအများဆုံးတွေ့ရတာက :
* Applied mathematics
* Accounting and finance
* Audiology
* Biomedical engineering
* Chemical engineering
* Clinical psychology
* Computer science
* Counseling psychology
* Data analysis
* Economics
* Education တွေပါ။

 

Bureau of Labor Statistics အရ ဆေးပညာအပိုင်းမှာ သုတေသနလုပ်တဲ့သူတွေရဲ့ ပျမ်းမျှ တနှစ် လစာက $90,000 ဝန်းကျင်ဖြစ်ပြီး ဆရာဝန်၊ ရှေ့နေတွေရဲ့ လစာက $123,000 ကနေ $208,000 ဖြစ်ပါတယ်။

 

ဘွဲ့တခုရပြီးရင် ကိုယ့် Career ကို ပိုတိုးတက်ချင်ရင် Master’s Degree တက်ကြပြီး ပိုပြီး အသေးစိတ်ချင်ရင် Ph.D တက်ကြပါတယ်။ Master Degree က ၂ နှစ် 30 credits ဝန်းကျင်ပဲတက်ရပြီး Doctorate Degree က 120 credits ၄-၇ နှစ်လောက်တက်ရပါတယ်။

 

Professional Doctorate ဘွဲ့ရထားသူတွေက လူတွေနဲ့ထိတွေ့တဲ့ Clinical အပိုင်းကို လုပ်ကြပြီး Ph.D ဘွဲ့က Academic ပိုင်းမို့ သုတေသနလုပ်တာ၊ ကျောင်းမှာစာသင်တာတွေလောက်ပဲ လုပ်ကြတာများတယ်။

 

မိုးကတော့ လူတွေနဲ့ ဆက်ဆံရတာ သဘောကျလို့ Professional Doctorate Degree ပဲတက်ခဲ့တာပါ။

 

ပညာရေးမှာ အချိန်တွေ၊ ငွေတွေရင်းနှီးမြှုပ်နှံမယ်ဆိုရင် အလဟသမဖြစ်ရလေအောင် မိမိစိတ်ဝင်စားတာကို သေချာလေ့လာထားဖို့ အကြံပေးပါရစေ။

#MoefromAmerica ❤️🇺🇸

 

🔗https://www.moefromamerica.com/study-in-the-usa/