အမေရိကန်နိုင်ငံမှာ ကျောင်းလာတက်ဖို့ စဉ်းစားသူတွေ အနေနဲ့ အကောင်းဆုံးက Computer Science နဲ့ Accounting

တခြားနိုင်ငံမှာ ဘွဲ့ရပြီး အမေရိကန်နိုင်ငံမှာ ကျောင်းလာတက်ဖို့ စဉ်းစားသူတွေ အနေနဲ့ အကောင်းဆုံးက Computer Science နဲ့ Accounting ပါပဲ။

ကျန်တာတွေက Basic Knowledge လိုအပ်ပါတယ်။

 

▪️Law School တက်မယ်ဆိုရင် Master Degree ကနေဖြတ်တက်လို့မလွယ်ပါဘူး။ ဒီနိုင်ငံက Constitution အကြောင်း၊ ဥပဒေ အကြောင်းတွေ သိဖို့လိုပါတယ်။ Law School ပြီးရင် ဖြေရတဲ့ Bar Exam ကလဲတော်တော်ခက်ပါတယ်။ အရမ်းတော်ပါတယ်ဆိုတဲ့ ယခုလက်ရှိ အမေရိကန်နိုင်ငံရဲ့ ဒုတိယ သမ္မတ (Vice President of the United States) Kamala Harris တောင် California က Bar Exam ကို တခါတည်းအောင်ခဲ့တာ မဟုတ်ပါ။

 

▪️Pharmacy School တက်ဖို့ US မှာ organic chemistry၊ biology အစရှိတဲ့ Prerequisites အတန်းတွေ ပြီးရပါမယ်၊ မဟုတ်ရင် စာလိုက်နိုင်မှာ မဟုတ်ပါ။

 

▪️ကျန်းမာရေးနဲ့ ပတ်သက်တာတွေ၊ လူတွေနဲ့ ထိတွေ့ရတဲ့ အလုပ်တိုင်းက အမေရိကန်နိုင်ငံက Certificate လိုအပ်ပါတယ်။

 

ပညာရေးနဲ့ ပတ်သက်တာ၊ ကျောင်းရွေးခြယ်တာတွေက Experiences ရှိတဲ့သူတွေဆီက advice ယူတာ အကောင်းဆုံးပါပဲ။ မဟုတ်ရင် ငွေကုန် အချိန်ကုန်ပြီး လိုရာပန်းတိုင် မရောက်ဖြစ်တတ်လို့ပါ။

 

အမေရိကန်နိုင်ငံမှာ ကျောင်းလာတက်မယ်ဆိုရင် ဘာတွေတက်ဖို့ စဉ်းစားနေလဲ ပြောပြပေးပါဦးနော်။

#MoefromAmerica ❤️