” မရပ်လိုက်နဲ့”

မိမိကိုယ်ကို ဂုဏ်မယူရချင်း မရပ်လိုက်နဲ့။

 

Don’t STOP until you are proud.

 

မကြိုးစားရင် ရှေ့ဆက်မတိုးရင် နောင်နှစ် အနဲငယ်ကြာရင် နှစ်ဆပိုပင်ပန်းရတတ်တယ်။

 

အသက်က တရက်ထက်တရက်ပိုပြီးကြီးလာတာပဲရှိတယ်။ မနက်အိပ်ရာထလို့ မှန်ကြည့်လိုက်ရင် bank account ဟောင်းလောင်း ဒုံရင်း နဲ့ဘာမှ မပြောင်းလဲ သေးတာ ကြည့်ပြီး အားမလို အားမရဖြစ်မိနေပြီလား?

 

မိမိကိုယ်ကို ပြောင်းလဲဖို့ဆိုရင် အချိန်တွေကို အကျိုးရှိအောင် အသုံးချဖို့လိုလိမ့်မယ်။

 

နာကျင် ခံပြင်းမှုတွေကြောင့် မိမိကိုယ်ကိုတိုးတက်ဖို့လမ်းကို ရွေးခဲ့ပြီးရင် အဆုံးထိမရောက်အောင် လျှောက်ဖို့လိုပါလိမ့်မယ်။

 

တိုက်ပွဲစမယ်လို့ ဆုံးဖြတ်ခဲ့ပြီးရင် အနိုင်နဲ့ပိုင်းမှ တန်လိမ့်မယ်။ အရှုံးနဲ့ လက်လျှော့ပြန်ရင် လှောင်ပြောင်ခံရရင် ပိုခံပြင်းရလိမ့်မယ်။

 

လမ်းခရီးက ခက်ခဲလို့ ပြန်လှည့်မယ်
စဉ်းစားရင် ခရီးစဉ်ရဲ့ အဆုံးမှာ ပြောင်းလဲသွားမယ့် မြင့်မားသွားမယ့် ကိုယ့်ဘဝကိုယ် တချက်စိတ်ကူးယဉ်ကြည့်လိုက်ပါ။

 

စိတ်ပျက်လို့ ရပ်ဖို့ စဉ်းစားရင် နှစ်ဆပိုပင်ပန်းရမယ့် ကိုယ့်ဘဝအကြောင်း တချက် ပြန်တွေးကြည့်ပြီး အားတင်းထား…💪

ဒါတွေဟာ ကိုယ့်ကိုနေ့စဉ် ရှေ့ဆက်ဖို့ တွန်းအားတစ်ခု ကောင်းကောင်း ပေးနိုင်လိမ့်မယ်။

 

ကိုယ့်ဘဝကို တိုးတက်ပြောင်းလဲဖို့တာဝန်က
ဘယ်သူ့မှာမှ တာဝန်မရှိဘူး ကိုယ့်လက်ထဲမှာပဲရှိတယ်။

 

#MoefromAmerica ❤️🇺🇸