အမေရိကန်နိုင်ငံမှာ ကျောင်းတက်မယ့် ကျောင်းသားတွေ စိတ်ပူကြတာ ငွေရေးကြေးရေးလဲ ပါဝင်ပါတယ်။
အမေရိကန်နိုင်ငံမှာ ကျောင်းလခတွေက စျေးကြီးလို့ပါ။ အလုပ်လုပ်ဖို့က ကျောင်းတက်နေစဉ်ကာလမှာ On Campus နာရီ ၂၀ + Cash Job လုပ်လို့ရသလို နွေရာသီ ကျောင်းပိတ်ရက် မေလ-August လအထိ ၃ လ လုပ်လို့ရပါတယ်။ Winter Break ကတော့ December-January တလတည်းမို့ နဲနဲတော့ တိုပါတယ်။
ကျောင်းတခုပြီးတိုင်း F-1 students တွေက
Optional Practical Training (OPT) လုပ်ခွင့်ရှိပါတယ်။
ဥပမာ- Community College ၂ နှစ်ပြီးရင် OPT (1 year) တခါ၊ နောက်ထပ် ၂ နှစ် University တက်ပြီး Bachelor Degree ပြီးရင် တခါ OPT (1-3 year)၊ Master Degree ၂ နှစ်တက်ပြီးရင် OPT (1-3 year) လုပ်လို့ရပါတယ်။
OPT က ရိုးရိုး Major တွေဆို တနှစ်ပဲရပေမယ့် science, technology, engineering, and mathematics (STEM) degrees တွေဆို ၃ နှစ်ရပါတယ်။
အမေရိကန်နိုင်ငံမှာ ကျောင်းတက်ရင် ကြိုးစားပြီး ကိုယ့်ရဲ့ Financial ကို စံနစ်တကျ စီမံတတ်ရင် အသုံးဝင်တဲ့ လစာကောင်းတဲ့ ဘွဲ့တခုရပြီး နောင်ရေးအတွက် စိတ်အေးရပြီး ဘဝမှာ တောက်ပနိုင်မှာ ဖြစ်ပါတယ်။
ကိုယ်တိုင်လဲ စံနစ်တကျ စီမံခဲ့လို့ အခုအချိန်မှာ 6 figures salary ရနေပြီး အေးအေးဆေးဆေးနေနိုင်နေပြီ ဖြစ်တာမို့ အနာဂတ် လူငယ်တွေကို ပြောပြပေးဖြစ်တာပါ။
#MoefromAmerica ❤️🇺🇸
———
✅အမေရိကန်နိုင်ငံမှာ ကျောင်းအပ်မယ်၊ Student/ Visit Visa လျှောက်ဖို့၊သံရုံး interview ဝင်ဖို့ အကူအညီလိုရင် #MoefromAmerica က ကူညီဆောင်ရွက် ပေးပါတယ်။
🔗https://www.moefromamerica.com/study-in-the-usa/
📍သင်တန်းတွေ တက်ဖို့
🔗 https://www.moefromamerica.com/course-list/