“The Biggest Career Choice in Life”
ဘဝမှာ လက်တွဲဖော်ရွေးခြယ်တာ က အကြီးမားဆုံး the biggest career choice ပါပဲ။ Political activist Emma Goldman က ရေးဖူးတယ် လက်ထပ်တာက စီးပွါးရေးအတွက် economic arrangement တခုပဲ။
ကိုယ့်ရဲ့ တဘဝစာ ငွေရေးကြေးရေး Financial outcome ရလာဒ်တွေက လက်တွဲဖော်နဲ့ ဆိုင်တယ်။
တယောက်က စုချင်တယ်၊ တယောက်က ဖြုန်းတယ်။ တယောက် က အလုပ်ကြိုးစားတယ်၊ တယောက်က ဘာမှ မလုပ်ချင်ဘူး သဘောထား တူညီမှု same page မှာ မရှိရင် financial goals ငွေကြေးစီမံခန့်ခွဲမှု၊ သုံးစွဲမှုတွေကို Relationship အစကတည်းက ပွင့်ပွင့် လင်းလင်း မဆွေးနွေးထားရင် financial habits နဲ့ compatibility မဖြစ်ရင် ရေရှည် လက်တွဲဖို့ မလွယ်ဘူး။ အိမ်ထောင်မတည်မြဲကြတာ ငွေရေးကြေးရေးနဲ့ အများကြီးဆိုင်တယ်။
အမေရိကန်နိုင်ငံမှာဆို အသက် ၁၈ နှစ်ပြည့်လို့ College၊ University တက်ရင် မိဘတွေက မထောက်ပံ့ပေးပဲ အစိုးရဆီက ချေးတက်တာပဲများကြလို့ လူတိုင်းမှာ student loans တို့၊ credit card debts၊ car payment တွေရှိကြတယ်။ လူတယောက်နဲ့ committed relationship မလုပ်ခင် ဘာအကြွေးတွေရှိလဲ ဘယ်လို ကြေအောင်ဆပ်ဖို့ စဉ်းစားထားလဲ Financial Goals တွေ သိဖို့လိုအပ်တယ်။ မဟုတ်ရင် အကြွေးတွေ တသက်လုံး ကူဆပ်ပေးရမယ်။ တချို့ state တွေမှာဆို student loan ရှိတဲ့ ခင်ပွန်း/ဇနီးကွယ်လွန်သွားရင်တောင် ကျန်တဲ့သူက ဆပ်ပေးရတာရှိတယ်။
လူတယောက် နဲ့ စ date မသွားခင်၊ မငြိတွယ်ခင် date လုပ်ဖို့ သင့်တော်လား အချိန်ကုန်ဖို့ သင့်တော်မှ စတာ အကောင်းဆုံးပါပဲ။
ကမ္ဘာကြီးမှာ လူတွေ အများကြီးရှိသလို ကိုယ့်မှာ အရည်အချင်းရှိရင် ရှာဖွေတတ်ရင် Right Person ကို တနေ့တွေ့လာမှာပါ။ မတွေ့လဲ toxic/ incompatible relationship မှာ emotional stress တွေရမယ့်အစား တကိုယ်တည်း တောက်ပလို့လဲရပါတယ်။
Marrying the right person will make you richer and more successful.
#MoefromAmerica ❤️🇺🇸