Polysomnographic Technologist

Polysomnographic Technologist

 

ဒီနေ့ ည sleep study မှာ ကူညီပြီး တပ်
ဆင်ပေးတဲ့သူရဲ့ title က polysomnographic technologist လို့ ခေါ်ပါတယ်။ Community College မှာ associate’s degree တက်လို့ရသလို Jeff လို Coursework တွေလုပ်ပြီး polysomnographic technologist ဖြစ်အောင်လုပ်လို့ရပါတယ်။ 1-2 နှစ်လောက်တော့ ဖတ်ရမယ်။

 

သူက Coursework ၂၆ ခုကို တခုကို $၃၀ နှုန်းနဲ့ လုပ်ခဲ့ပြီး clinical hours နာရီ ၉၀၀ ကျော်လုပ်ပြီး Registered Polysomnographic Technologists (BRPT) ဖြစ်ဖို့ စာမေးပွဲဖြေပြီး လိုင်စင်ရခဲ့တယ်။

 

သူက Medical Coding ကို online က ၂ နှစ်လောက်တက်ခဲ့ပေမယ့် entry level မှာ အလုပ်မရှိလို့ မရခဲ့ဘူးလို့ ပြောပြတယ်။

 

polysomnographic technologist တယောက်အနေနဲ့ တနာရီကို
$31 – $36 လောက်ရကြပြီး တနှစ်လစာ
Average Salary: $63,695
25th Percentile: Around $50,000
75th Percentile: Around $74,000 ရကြပါတယ်။ နေရာနဲ့ အတွေ့အကြုံပေါ်လဲ မူတည်ပါတယ်။

 

Polysomnographic Technologist ကို စိတ်ဝင်စားသူတွေ အတွက် အထောက်အကူဖြစ်စေမယ့် information လေး share ပေးလိုက်ပါတယ်။

 

Jeff က sleep study အတွက် အကုန်တပ်ပေးပြီးပြီမို့ မကြာခင် အိပ်ရတော့မယ်။ မနက် ၆ နာရီဆို အိမ်ပြန်ရမယ်။

 

ဒီ sleep clinic က တညကို sleep study ၄ ယောက်လုပ်ပြီး တပတ် ၆ ရက် run ပါတယ်။ sleep doctors ကတော့ India က သားအဖတွေပါ။

 

Jeff က microphone ကနေ အော်ပြီး အိပ်ခိုင်းနေပြီမို့ အိပ်ရာထမှ စာပြန်တော့မယ်နော်

 

Good Night from East Cost of the United States.
#MoefromAmerica ❤️🇺🇸