“၂၀၂၅ ခုနှစ် မှာ ပိုချမ်းသာပြီး ပိုအောင်မြင်ချင်တယ်ဆိုရင် ဒီအချက် ၇ ချက်ကို မနက်တိုင်း စလုပ်ပါ”
၁။ အချိန် တခု သတ်မှတ်ပြီး ပုံမှန် နိုးထပါ။
Warren Buffett က အောင်မြင်မှုသည် စည်းကမ်းရှိခြင်းနဲ့ consistency ရှိခြင်းမှ ဖြစ်တည်လာသည်ဟု မကြာခဏ ပြောလေ့ရှိသည်။ သတ်မှတ်ချိန်မရှိပဲ ထချင်တဲ့ အချိန်ထတဲ့သူတွေက တနေ့တာ လုပ်ရမယ့်အလုပ်တွေ ပြီးမြောက်မှာ မဟုတ်ဘူး။
၂။ ခန္ဓာကိုယ်ကို ရွှေ့ပါ။
မနက်ခင်းမှာ momentum ရအောင် energy boost ဖြစ်အောင် အရမ်းပြင်းထန်တဲ့ လေ့ကျင့်ခန်း မဟုတ်ရင်တောင် လမ်းလျှောက်တာ၊ Yoga လုပ်တာ လုပ်ပေးပါ။
အချိန်မရှိရင်တောင် 1-minute workout လုပ်ပေးပါ။ ကြွက်သားတွေလှုပ်ရှားရင် အာရုံစူးစိုက်အားကောင်းစေပြီး အလုပ်လုပ်ရတာ ပိုတက်ကြွစေပါတယ်။
၃။ ပိုက်ဆံကို တချက်စစ်ကြည့်ပါ။
၂၀၂၅ ခုနှစ် တွင် ငွေရေးကြေးရေး ပိုမိုအားကောင်းလိုပါက၊ မိမိရဲ့ ငွေစာရင်းကို အကြမ်းဖျင်း စစ်ဆေးခြင်းဖြင့် တစ်နေ့တာကို စတင်ပါ။
bank account balance စစ်တာ၊
credit card transactions မှာ အပိုတွေ ဖြတ်ခံထားရတာရှိလား? ဝင်ငွေကိုလဲ စစ်ပါ။ ပေးစရာရှိတာတွေကို မမေ့အောင် သတိထားပေးပြီး ကိုယ့်ရဲ့ financial goals ကို မျက်ခြေမပြတ်ခြင်းဖြင့် ချမ်းသာမှုကို တည်ဆောက်ပါ။
၄။ တစ်နေ့တာအတွက် အရေးကြီးတဲ့အဓိက ပစ်မှတ်တစ်ခု လုပ်ပါ။
နံနက်ခင်း ဦးနှောက်ရှင်းတုန်း မိမိရဲ့ ငွေတွေကို စစ်ဆေးပြီးတဲ့အခါ လုံးဝပြီးမြောက်ချင်တဲ့ ဦးစားပေးတစ်ခုကို လုပ်ပါ။
၅။ ကျေးဇူးတင်ပါ။
Verywell Mind မှ ကျွမ်းကျင်သူများက မှတ်ချက်ပြုထားသည့်အတိုင်း၊ ပုံမှန်ကျေးဇူးတင်တတ်သည့် အလေ့အထသည် အကောင်းမြင်တတ်တဲ့ စိတ်ကျန်းမာရေးနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပင် တိုးတက်ကောင်းမွန်စေခြင်းနှင့် ဆက်စပ်နေပါသည်။
၆။ မနက်ခင်းမှာ အားတက်ဖွယ်တစ်ခုခုကို ဖတ်ပါ သို့မဟုတ် နားထောင်ပါ။
နံနက်ခင်းကို အပြုသဘောဆောင်သော ကောင်းခြင်းများဖြင့် စတင်ခြင်းသည် အောင်မြင်မှုကို ရစေသည်။
စီးပွါးရေးစာအုပ်မှ စာမျက်နှာ အနဲငယ်၊ a motivational podcast၊ personal finance strategies အတိုလေးတွေ ဖတ်ခြင်းဖြင့် မိမိရဲ့ ရည်မှန်းချက်တွေကို ပိုမိုအားကောင်းစေပါတယ်။
အေးအေးဆေးဆေး မနက်စာ စားရင်း ၁၀ မိနစ် စာဖတ်ခြင်းသည် အတွေးအမြင်သစ်ကို ရရှိစေပြီး စိတ်ကူးစိတ်သန်းအသစ်များကို ဖန်တီးပေးနိုင်သည်ကို တွေ့ရှိရသည်။
တနေ့နည်းနည်းစီသင်ယူတာက
အောင်မြင်မှုတွေရဖို့အတွက် အသုံးချနိုင်တဲ့ ဗဟုသုတတွေကို လှောင်အိမ်ကြီးတစ်ခု တနေ့ဖြစ်လာမှာပါ။
၇။ လိုချင်တဲ့ အနာဂတ်ကို မြင်ယောင်ကြည့်ပါ။
၂၀၂၅ ခုနှစ် နှစ်ကုန်မှာ ဖြစ်ချင်တဲ့ ဘဝတခုကို စိတ်ကူးပုံဖော်ကြည့်ပါ။
ဝင်ငွေကို နှစ်ဆတိုးအောင်လုပ်မယ်။
ပထမဆုံးအိမ်ဝယ်တာ
လုပ်ငန်းကို တိုးချဲ့တာ…
မနက်တိုင်း တစ်မိနစ် သို့မဟုတ် နှစ်မိနစ်လောက် အချိန်ယူပြီး အဲဒီ ပန်းတိုင်ကို ရောက်အောင် ဘယ်လိုလုပ်မလဲ စဉ်းစားကြည့်ပါ။
Hedge Fund Titan မှ Ray Dalio သည် မည်သည့်နယ်ပယ်တွင်မဆို အောင်မြင်မှုရရန် အတွက် ပန်းတိုင်များ တိကျမှုရှိရန် အရေးကြီးကြောင်း ထောက်ပြခဲ့သည်။
ရလဒ်ကို စိတ်ကူးကြည့်တဲ့အခါ သင့်ဦးနှောက်က အဲဒီ့ကို ဦးတည်နေတဲ့ ခြေလှမ်းတွေကို အာရုံစိုက်နိုင်အောင် ကူညီပေးပါတယ်။ စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းလုပ်မှ လိုချင်တဲ့ အနာဂတ်ကို အမြန်ရောက်မှာပါ။
အထက်ပါ အချက် ၇ ချက်လုံး မလုပ်နိုင်ရင်တောင် ၂-၃ ချက် ကစလုပ်ကြည့်ပါ။
အချိန်ကြာလာတာနဲ့အမျှ ကောင်းမွန်သော ငွေကြေးရလဒ်များနှင့် ပိုမိုအောင်မြင်မှုတွေရလာတာ တွေ့ရမယ်။
လူတိုင်းမှာ လုပ်စရာတွေ များပြီး စိတ်ဖိစီးမှုတွေရှိကြပေမယ့် သေးငယ်သောခြေလှမ်းတွေက ဘယ်လောက်အထိ ပြောင်းလဲ ပေးနိုင်လဲဆိုတာ ၂၀၂၅ ခုနှစ် နှစ်ကုန်ရင်သိရပါလိမ့်မယ် သူငယ်ချင်းတို့ရေ
ဘယ်အချက်တွေလုပ်နေကြလဲ ပြောပြပေးပါဦးနော်။
❌Share လို့ရပါတယ် ကူးယူဖော်ပြခွင့်မပြုပါ။
#MoefromAmerica ❤️🇺🇸