American Dream

အမေရိကန်နိုင်ငံမှာ အောင်မြင်တဲ့ဘဝတစ်ခု တည်ဆောက်မယ်ဆိုလျှင်

စာပေလမ်းက Book Giveaway မှာ စာအုပ် လက်ဆောင်လိုချင်လို့ comment ပေးသူပေါင်း အယောက် ၂၀၀ လောက်ရှိတယ်။ အဲလောက်များမယ်လို့ ထင်တောင် မထင်ထားမိဘူး…”American Dream စာအုပ်” က အမေရိကန်နိုင်ငံမှာအခြေချနိုင်မယ့် နည်းလမ်းတွေ၊ ပညာရေးဆိုင်ရာအခွင့်အလမ်းတွေ၊ အလုပ်အကိုင်နဲ့ ဝင်ငွေကောင်းစေမယ့် အကြံဉာဏ်တွေ၊ သိထားသင့်တဲ့ လူမှုပတ်ဝန်းကျင်နဲ့ ဓလေ့စရိုက်တွေ၊ အမေရိကကို ခက်ခက်ခဲခဲရောက်လာပြီး အောင်မြင်တဲ့ဘ၀တစ်ခုတည်ဆောက်နိုင်တဲ့သူတွေရဲ့ဇာတ်လမ်းတွေ စသဖြင့် ဖတ်ရှုရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ American Dream ကို အောင်မြင်အောင် ပုံဖော်ခဲ့သလို တခြား American Dream ရှိသူတွေ အတွက် အသုံးတည့်မယ့် စာအုပ်လေးပါ။ 

စာအုပ်အဖုံး၊ Bookmark က အစ သေချာလေး ရှယ်လုပ်ပေးထားတာပါနော်။#MoefromAmerica ရဲ့ ပန်ကာတွေအတွက် 

၁။ ဒီစာအုပ်ကို Pre-order မှာထားတဲ့ screenshot ကို comment မှာ တင်ပေးပြီး 
၂။ မိမိရဲ့ အိပ်မက်တခုကို ရေးပေးပါ။
အဲအချက် ၃ ချက် လုပ်ပေးတဲ့သူတွေထဲက ၃ ယောက်ကို November လ ၃ ရက်နေ့ စာအုပ်ထွက်ပြီး တကယ် ဝယ်တဲ့သူတွေထဲက ၃ ယောက်ကို

ပထမဆုငွေ US $ 100 
ဒုတိယဆု US $70
တတိယဆု US $50 ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ 

Pre-order မှာမယ်ဆို စာပေလမ်းကနေ မှာလို့ရပါတယ်နော်။ နိုင်ငံတကာက မှာချင်သူတွေကတော့ comment မှာ မှာလို့ရမယ့်နေရာ တင်ထားပေးပါတယ်။ 

အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။