“ညှို့ငင်ဆွဲဆောင်ပါ”

“ညှို့ငင် ဆွဲဆောင်ပါ”
လိပ်ပြာလေးတွေကို လှတယ်ဆိုပြီး
လိုက်ဖမ်းနေရင် သူတို့က ပျံပြီးပြေးနေတာနဲ့ အချိန်ကုန် လူပင်ပန်းပြီး တကောင်မှ
ဖမ်းမမိတာပဲ အဖတ်တင်မယ်။
ဒါပေမယ့် လှပတဲ့ ဥယာဉ်တခုကို
အချိန်ယူပြီး ဖန်တီးလိုက်ရင်တော့
လိပ်ပြာလေးတွေ လာလိမ့်မယ်။
မိမိကိုယ်ကို ဥယာဉ်ကြီးလို့ သဘောထားပြီးတိုးတက်အောင် အစွမ်းကုန်ကြိုးစားရင်
လိုချင်တဲ့ LV ပိုက်ဆံအိတ်တို့၊ Tesla ကားတို့၊
iPhone 15 တို့ လိုချင်တာတွေ
တောင့်တတာတွေ အကုန် သူ့အလိုလို
ရောက်လာလိမ့်မယ်။
လိုချင်တဲ့အရာတွေနောက်ကို
ပြေးပြီးလိုက်ဖမ်းမဲ့အစား
မိမိဆီရောက်အောင် ညှို့ငင်ဆွဲဆောင်ဖမ်းစားနိုင်တာ အကောင်းဆုံးပါပဲ။
Don’t chase, Attract!
လိုက်ဖမ်းမယ့်သူတွေလား?
ညှို့ငင်ဆွဲဆောင်မယ့်သူတွေလား ပြောပြပေးပါဦးနော်။