Nulcear Power Aircraft Carrier

အရင်က အလည်သွားခဲ့ဖူးတဲ့ မောင်ကြီး အလုပ်လုပ်တဲ့ Nulcear Power Aircraft Carrier က အခု Red Sea မှာ ကူညီစောင့်ရှောက်ပေးဖို့ ရောက်နေပါပြီ။

သူက Nuclear Engineer တယောက်ဖြစ်ပြီး စစ်သဘ်ောတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးရတာပါ။ United States Navy မှာလုပ်တာ လုပ်သက် ၁၇ နှစ်ကျော်ပါပြီ။ သူတို့ အလုပ်မှာဆို ဝန်ထမ်းထောင်ချီရှိပြီး အင်ဂျင်နီယာတွေ၊ Mechanic၊ Suppliers တွေအများကြီးပါ။ ပွဲတွေလဲ ခဏခဏလုပ်လို့ အင်ဂျင်နီယာတွေနဲ့ အမြဲတွေ့ဖြစ် စကားပြောဖြစ်ပါတယ်။

သူက အခု အိမ်ကနေပဲ နေ့စဉ် work from home လုပ်ရတာမို့ အေးဆေး သက်သာပါပဲ။ ကျန်တဲ့ အချိန်တွေ သူက stock trading and investment လုပ်ပါတယ်။ grilled/ microwaved နဲ့ ဟင်းချက်တာ၊ အိမ်သန့်ရှင်းရေး၊ အဝတ်လျှော်တာလဲ သူပဲလုပ်ပါတယ်။ 😅မိုးက ပန်းကန်ဆေးတာနဲ့ ဟင်းချက်တာလောက်ပဲ လုပ်ရုံပါပဲ။

အစိုးရအလုပ်က အသက် ၅၇ နှစ်ဆိုပင်စင်ယူလို့ရပြီး Pension ပင်စင်လစာလဲ နောက်ဆုံးလစာရဲ့ ၃၀% လောက်ရပါတယ်။

သူတို့ အလုပ်မှာ လုပ်တာ Stable Job ဝင်ငွေတည်မြဲတဲ့ အလုပ်ဖြစ်ပြီး အချိန်ပို Overtime လဆတဆခွဲ ရပြီး Overtime တွေလဲ အများကြီးရှိလို့ ပိုက်ဆံစုချင် အေးဆေးတည်ငြိမ်တဲ့ ဘဝတခု တည်ဆောက်ချင်သူတွေ အများအပြားလုပ်ကြပါတယ်။ သူ့သူငယ်ချင်းတွေဆို တယောက်တည်းလုပ်စာနဲ့ တမိသားစုလုံး လုံလောက် လောက်ငကြပါတယ်။

အစိုးရ အလုပ်လုပ်ဖို့ အမေရိကန်နိုင်ငံသားဖြစ်ဖို့တော့ လိုပါတယ်။

Join with #MoefromAmerica & Start your American Dream. 🇺🇸

ချစ်ခြင်းများစွာဖြင့်
#MoefromAmerica ❤️