“ပိုက်ဆံမရှိတဲ့ အမေရိကန်နိုင်ငံရောက်ကျောင်းသားတယောက်ရဲ့ ရှင်သန်မှု”

India က ကျောင်းသားလေး David က ကျောင်းသားဗီဇာနဲ့ အမေရိကန်နိုင်ငံကို လာခဲ့ပြီး လက်ထဲမှာ $3500 ရှိတယ်။ အဲဒီခေတ်က ရူပီးတစ်သိန်းနီးပါးရှိပြီး အဲဒီငွေတွေကို ပေးခဲ့တဲ့ ကျွန်တော့်မိဘတွေအတွက် ပိုက်ဆံတွေအများကြီးပါ။ ပထမနှစ်ဝက်အတွက် ကျောင်းလခအဖြစ် $3100 ပေးခဲ့ရသည်။

ကျောင်းထဲက on campus job အလုပ်တစ်ခုရဖို့ အတွက် ရှာဖွေခဲ့ရပြီး ရခဲ့တဲ့ အလုပ်ကတော့ ပန်းကန်ဆေးရတဲ့သူအနေနဲ့ အဲဒီ့ခေတ်က အနည်းဆုံးလုပ်ခက တစ်နာရီ ၄.၂၅ ဒေါ်လာနဲ့ တစ်ပတ်ကို နာရီ ၂၀ လောက် အလုပ်လုပ်တယ်။

ကံကောင်းထောက်မစွာ နောက် semester စာသင်နှစ်တွင် research assistantship (သုတေသနအကူ) အလုပ်ရခဲ့သဖြင့် ကျောင်းလခရဲ့ 100% နှင့်လစဉ်ထောက်ပံ့ကြေး $ 527 ပေးသောသုတေသနအကူကို ရခဲ့သဖြင့် ငွေကြေးပူပင်စရာမလိုတော့ပဲ စိတ်သက်သာရာ ရသွားခဲ့ရတယ်။

အလုပ်ကြိုးစားတဲ့ David အကြောင်း နာမည်ကြီးလာသောအခါ Department Chair က တခြား အလုပ်တွေတာဝန်ယူရလာသဖြင့် ဘွဲ့ရခါနီး နောက်ဆုံးနှစ်မှာ David ရဲ့ လစဉ်လစာက $2300 နဲ့ ကျောင်းလခအခမဲ့ပါ။

ဒီလိုနဲ့ ပိုက်ဆံမရှိပေမယ့် David တယောက် ကျောင်းပြီးဆုံးအောင်တက်နိုင်ခဲ့ပါတယ်။

If there is a will, there is a way.
မိမိလုပ်တဲ့ အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်၊ ပြီးဆုံးအောင်လုပ်မယ့် စိတ်မွေးမြူထားပါ။

#MoefromAmerica ❤️🇺🇸