“အမေရိကန်နိုင်ငံမှာ လွယ်လွယ်ကူကူ အလုပ်ရစေဖို့ လိုက်နာသင့်တဲ့ အချက် ၄ ချက်”

  1. စရိတ်ကြီးတဲ့ နိုင်ငံရပ်ခြားမှာ အလုပ်မရှိပဲ ရပ်တည်ဖို့က ခက်ခဲလှပါတယ်။ အလုပ် လွယ်လွယ်ကူကူရစေဖို့ ဒီအချက်လေးတွေကို လုပ်ကြည့်ပါ။

၁။ Resume အလုပ်လျှောက်လွှာ ကောင်းကောင်းရေးတတ်ရပါမယ်။

Resume ထဲ မှာ ကိုယ့်ကို ဒီအလုပ်နဲ့ သင့်တော်မယ့်သူ တယောက်လို့ မြင်သာ ထင်သာအောင် ရေးတတ်ရပါမယ်။

Working Experiences အရင်က အလုပ်အတွေ့အကြုံ ဘာတွေရှိခဲ့လဲ? အဲအလုပ်မှာ ဘာတွေလုပ်ရလဲ ရေးရပါမယ်။

Paid vs Unpaid Internship တွေ ဘာတွေလုပ်ဖူးခဲ့လဲ? ထည့်ရေးပါ။

Resume ရေးနည်းကို Youtube မှာ ကြည့်နိုင်ပါတယ်။
📌https://youtu.be/d-vuKyuvBXg

၂။ အလုပ်ကို စောစောစရှာပါ။
ကျောင်းတက်နေစဉ် ကာလမှာ မိမိကို ဌားနိုင်မယ့် အလုပ်ရှင်တွေကို မျက်စိဖွင့် နားစွင့်ထားပြီး အလုပ်ကို ၆ လ- တနှစ်စောရှာပါ။

Job Fairs တွေ၊ Meet up တွေတက်ပါ။
Companies တွေကို တိုက်ရိုက် email ပို့ပါ။
သူငယ်ချင်း မိတ်ဆွေတွေကိုလဲ မိမိ အလုပ်ရှာနေကြောင်း အသိပေးထားပါ။
အလုပ်ရှာတဲ့ websites တွေမှာလဲ မိမိရဲ့ Resume ကို လိုက်တင်ထားဖို့လိုပါမယ်။

အဲဒီမှာ ရေးပေးထားဖူးပါတယ်။
📌 https://www.facebook.com/MoefromAmerica/photos/a.293687561101297/1602485306888176/?type=3&mibextid=WC7FNe

၃။ Interview သေချာဖြေတတ်အောင် လေ့ကျင့်ထားပါ။

အလုပ် interview သွားဖြေရတဲ့အခါ သွက်သွက်လက်လက်နဲ့ ဖြေတတ်ရမယ်။ မိမိလုပ်မယ့် company အကြောင်း ၊ မိမိလုပ်ရမယ့် အလုပ်ကို ဘယ်လောက် စိတ်ဝင်စားတာ အဲလိုအချက်လေးတွေ လေ့လာသိရှိထားရမယ်။

မေးတတ်တဲ့ မေးခွန်းတွေကို ကြိုတင်လေ့လာပြင်ဆင်ထားပါ။

မိမိကိုယ်ကို Product တခုလို့ သဘောထားပြီး သူတဖက်သား သဘောကျအာင် သေချာ ပြောပြတတ်တဲ့ skills ရှိရမယ်။

၄။ skills တွေများများရှိအောင် ကြိုးစားပါ။

မိမိမှာ အရည်အချင်းတခုထက်မက ရှိရင် အလုပ်တခုမဟုတ်တခုနဲ့ အဆင်ပြေနိုင်ပါတယ်။ ဒါကြောင့်မို့ ဘာပဲဖြစ်ဖြစ်သင်ယူထားပါက တခုမဟုတ် တခုနဲ့ အလုပ်ရနိုင်ပါတယ်။

သူတဖက်သားက အလုပ်ရှာပေးရင် တခါပဲရှာပေးလို့ရပြီး အလုပ်ရှင်မကြိုက်ပါက အလုပ်ပြုတ်နိုင်ပါတယ်။ မိမိဘာသာ အလုပ်ရှာတတ်ပါက ကြိုက်တဲ့ အလုပ်ပြောင်း ရာသက်ပန် ရှာဖွေတတ်စေမှာပါနော်။

အလုပ်ရဖို့ လုပ်ဖြစ်တဲ့ တခြားသိသင့်တဲ့ အချက်လေးတွေ ရှိရင်လဲ မျှဝေပြောပြပေးပါဦးနော်။

အားလုံးပဲ အဆင်ပြေကြပါစေ။

#MoefromAmerica ❤️🇺🇸