Don’t Limit Your Search

“Don’t Limit Your Search”

အမေရိကားကို DV ပေါက်ပြီးရောက်လာတာ မကြာသေးတဲ့ အစ်ကိုကြီး တယောက် ရောက်ကာစက အသားစက်ရုံတခုမှာ အလုပ်လုပ်တယ်။ တနာရီ $19.50 ရတယ်။ လုပ်ရင်း အချိန်နဲနဲကြာတော့ ငြီးငွေ့လာတာရယ်၊ သွားရတာ ဝေးတာရယ်ကြောင့် တခြားနီးနီး နားနား အလုပ်ရှာရင်း အိမ်နားက အလုပ်တခုကို လျှောက်လိုက်တယ်။

သူပဲ ကံကောင်းဖို့ အချိန်ရောက်လာလို့လားပဲ …အဲအလုပ်ကလဲ လူသိပ်ခေါ်လေ့မရှိဘူး။ လျှောက်ထားပြီး လချီ မေ့နေမှ interview ရခဲ့တယ်၊ အိမ်မှာ စာမေးပွဲတခါ၊ သူတို့ဆီမှာ စာမေးပွဲတခါ၊ လူတွေ့ မေးခွန်းပေါင်း ၃၀ လောက်ဖြေရပြီးတော့ အလုပ်ရသွားခဲ့တယ်။ တနာရီ $25 + overtime လုပ်ရင် တဆခွဲရလို့ တပတ် နာရီ ၆၀ လောက်လုပ်ရင် $1500 လောက်ရနေပြီ။ အလုပ်ကလဲ သိပ်မပင်ပန်းဘူး။ အရင်အလုပ်က တပတ် $700 ဝန်းကျင်ရခဲ့ပြီး မြန်မာပြည်မှာ နေတုန်းက တလ $1000 ဝန်းကျင်ရတဲ့ အလုပ်လုပ်ခဲ့ဖူးတယ်။

အခုရတဲ့ အလုပ်က အိမ်နဲ့လဲ လမ်းလျှောက်သွားရင်တောင်ရတယ်၊ အရင် အလုပ်သွားရင် ဝေးလို့ တပတ်ဆီဖိုး $40 လောက်ကုန်နေရာကနေ ဆီဖိုး မကုန်လို့ ပိုက်ဆံ save ဖြစ်သွားတယ်။

မျက်စိဖွင့် နားဖွင့်ပြီး ကြိုးစားရင် opportunities ကို အမြဲရှာဖွေနေရင် ပိုကောင်းတဲ့ အလုပ်တွေ တွေ့လာမှာပဲ။ တနေရာတည်းမှာ ကျောက်ချရပ်ထားစရာမလိုပါဘူးနော်။

အခုလုပ်နေတဲ့ အလုပ်မှာ လုပ်နေရတာ နှစ်ခြိုက်ကြလား?

(သူ့နဲ့က ခင်နေလို့ ဝမ်းသာအားရလာပြောရင်း တခြားသူတွေလဲ ကြိုးစားဖို့
စေချင်လို့ သူ့ရဲ့ pay-slip လေးပါ post ရေးရင် တင်ဖို့ ပို့လာပေးထားတာ။ )

ချစ်ခြင်းများစွာဖြင့်
#MoefromAmerica ❤️🇺🇸