ကမ္ဘာပေါ်မှာ ဝင်ငွေအများဆုံး နိုင်ငံ ၁၀ နိုင်ငံ

“ကမ္ဘာပေါ်မှာ ဝင်ငွေအများဆုံး နိုင်ငံ ၁၀ နိုင်ငံ”

ဝင်ငွေကောင်းချင်ကြတာ လူတိုင်းရဲ့ စိတ်ကူးပါပဲ။ ဝင်ငွေကောင်းမှ ကိုယ်ဝယ်ချင်တာ ဝယ်လို့ရမယ်။ သွားချင်တာ သွား၊ စားချင်တာ စားလို့ရမယ်။ အကြွေးမရှိပဲ ပြုံးပျော်နိုင်မယ်။

ဝင်ငွေများတာ ဘာကြောင့်လဲ စဉ်းစားကြည့်ရရင်…..

အဲဒီနိုင်ငံမှာ နေထိုင်တဲ့ လူဦးရေ
အလုပ်အကိုင်တွေကို ဖန်တီးနိုင်တဲ့စွမ်းအား
အစိုးရရဲ့ နိုင်ငံရေးကိုတည်ငြိမ်အောင် ထိန်းသိမ်းနိုင်မှု၊ အစိုးရရဲ့ မူဝါဒ၊
နိုင်ငံအပေါ် ရင်းနှိီးမြှုပ်နှံမှု
အခွန်ကောက်ခံမှု တွေနဲ့ အများကြီး သက်ဆိုင်သလို ပညာတတ်ပြီး ဝင်ငွေကောင်းတဲ့သူတွေများရင် ခက်ခဲနက်နဲတဲ့ အလုပ်တွေကို ပိုမိုလုပ်ကိုင်နိုင်ရင် အလုပ်များများပြီး ပြီး ရှေ့ရောက်တာတွေနဲ့လဲ သက်ဆိုင်ပါတယ်။

တဦးချင်းစီဝင်ငွေ အကောင်းဆုံး နိုင်ငံ ၁၀ ခု ….

၁။ United States
အမေရိကန်နိုင်ငံကတော့ လူဦးရေများပြီး ကမ္ဘာပေါ်မှာ ဝင်ငွေ အကောင်းဆုံး နိုင်ငံတခုပါ။ လူဦးရေ သန်း ၃၀၀ ကျော်ရှိပြီး စီးပွါးရေး အတောင့်တင်းဆုံး ဝယ်အား အကောင်းဆုံးနိုင်ငံ နံပါတ်တစ် အနေနဲ့ ရပ်တည်နေပါတယ်။ အမေရိကန်နိုင်ငံမှာ ကျန်းမာရေး အခန်းဂဏ္ဍက အရေးကြီးသလို ထုတ်လုပ်ရေးတွေ၊ financial services၊ စီးပွါးရေး လုပ်ငန်း ကြီးငယ် မျိုးစုံရှိပါတယ်။

၂။ Luxembourg 🇱🇺
လူဆန်ဘတ်ဆိုတဲ့ ဥရောပက နိုင်ငံလေးက ဂျာမနီ၊ ပြင်သစ်၊ ဘယ်လဂျီယံကြားမှာရှိပြီး သေးတဲ့ နိုင်ငံလေးဖြစ်ပေမယ့် Luxembourg က အောင်မြင်တဲ့ ဘဏ်လုပ်ငန်း၊ စီးပွါးရေး လုပ်ငန်းတွေ ရှိတာမို့ ဝင်ငွေကောင်းကြပါတယ်။

၃။ Australia 🇦🇺
ဩစတေးလျနိုင်ငံက ပို့ကုန်ထက် သွင်းကုန်ကပိုများလို့ စီးပွါးရေးကောင်းတဲ့ နိုင်ငံတခုပါပဲ။ သဘာဝ သယံဇာတတွေ ပေါများကြွယ်ဝတာကလဲ စီးပွါးရေးတောင့်တင်းစေတဲ့ အချက်ပါပဲ။

၄။ Germany 🇩🇪
ဂျာမနီက ကားတွေ တင်ပို့ရောင်းချတာ နာမည်ကြီးတယ်။ Volkswagen, Daimler, BMW တွေက ဂျာမနီက ထုတ်တဲ့ နာမည်ကြီးတဲ့ ကားတွေပါ။ ဂျာမနီက chemicals ပစ္စည်းတွေလဲ အမြောက်အမြားတင်ပို့ရောင်းချလို့ စီးပွါးရေးတောင့်တင်းပါတယ်။

၅။ Switzerland 🇨🇭
ဆွတ်ဇာလန်နိုင်ငံကလဲ စျေးကွက် စီးပွါးရေး တည်ငြိမ်တယ်။ ဆေးတင်ပို့တာ၊ ရွှေ၊ နာရီ၊ လက်ဝတ်ရတနာ တွေကို တင်ပို့ရောင်းချပြီး အေးချမ်းလှပတဲ့ နိုင်ငံမို့ အလည်အပတ်လာသူတွေများလို့ tourism ကနေလဲ ဝင်ငွေရကြပါတယ်။

၆။ Norway 🇳🇴
နော်ဝေနိုင်ငံက ငါးမျှားတာ၊ သံသတ္တု၊ ဆီ တွေ မှာ နာမည်ကြီးပြီး နိုင်ငံရဲ့ ဝင်ငွေ အများစုကို oil industry ကနေရပါတယ်။

၇။ Austria 🇦🇹
အော်စတီးယားနိုင်ငံက ဥရောပရဲ့ အရှေ့အလယ်ပိုင်းမှာ တည်ရှိပြီး တင်းကြပ်တဲ့ ဥပဒေတွေ မရှိလို့ စီးပွါးရေး တိုးတက်တာမြန်တယ်။ တိုင်းပြည် ဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်းက energy industry စွမ်းအင်ထုတ်လုပ်ရေးကနေ ရပါတယ်။

၈။ The Netherlands 🇳🇱
နယ်သာလန်က အမေရိကန်နိုင်ငံက State တခုဖြစ်တဲ့ West Virginia ထက်သေးပေမယ့် စီးပွါးရေးမှာ အောင်မြင်တယ်။ သဘာဝ ဓာတ်ငွေ့တွေရှာဖွေတွေ့ရှိတာ၊ ဆီတွေတင်ပို့ရောင်းချပြီး အမြတ်အစွန်းမြောက်မြားစွာရတာမို့ စီးပွါးရေးတောင့်တင်းတဲ့ နိုင်ငံတခုပါ။

၉။ Belgium 🇧🇪
ဘယ်လဂျီယံရဲ့ နာမည်ကြီး ချော့ကလက်၊ စက်ရုံ၊ ကား ထုတ်လုပ်တာ၊ ဆေးးထုတ်လုပ်တင်ပို့တာတွေက စီးပွါးရေးတောင့်တင်းခိုင်မာစေတဲ့ အချက်တွေပါပဲ။

၁၀။ France
ပြင်သစ်က ၂၀၂၁ ခုနှစ်တုန်းက စီးပွါးရေးအတောင့်တင်းဆုံး နံပါတ် ၇ မှာ ရပ်တည်ပြီး စက်ပစ္စည်း၊ ကား၊ ဆေးဝါးထုတ်လုပ်တာ၊ အစားအသောက်၊ ဝိုင်၊ လေယာဉ်ပျံ၊ ဟယ်လီကော်ပတာ၊ အလှကုန်၊ ရေမွှေးတွေက တင်ပို့ရောင်းချတာ နာမည်ကြီးပါတယ်။

ဝင်ငွေကောင်းပြီး စီးပွါးရေးကောင်းတဲ့ နိုင်ငံမှာ နေရင် မိမိရဲ့ အနာဂတ်ကို ကြိုတင်တွက်ချက်မှန်းဆ ပြင်ဆင်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လို့ရတာပေါ့။

ဘယ်နိုင်ငံမှာ နေချင်ကြလဲ comment မှာ ပြောပြပေးပါဦးနော်။

#MoefromAmerica ❤️🇺🇸

Reference: World Bank, Organisation for Economic Co-Operation and Development (OECD)