နိုင်ငံခြားမှာ ကျောင်းတက်မယ်ဆိုရင် လုပ်သင့်တဲ့ အချက် ၆ ချက်

နိုင်ငံခြားမှာ ကျောင်းတက်မယ်ဆိုရင် လုပ်သင့်တဲ့ အချက် ၆ ချက်

၁။ ကိုယ်တက်ချင်တဲ့ကျောင်း (College၊ University၊ Master Degree၊ PhD)
မိမိ အသက် ၊ ပြီးထားတဲ့ ဘွဲ့နဲ့ ကိုက်ညီမယ့် ကျောင်း နေချင်တဲ့ မြို့မှာ ရှာပါ။

၂။ ငွေရေးကြေးရေး စီမံခန့်ခွဲပါ။
တတ်မယ့်ကျောင်းက မိမိတတ်နိုင်မယ့် ငွေကြေးအတွင်းမှာ ရှိလား စဉ်းစားပါ။ အမေရိကန်နိုင်ငံမှာဆို community college တွေက ကျောင်းလခ တနှစ် $10,000 လောက်ရှိပါတယ်။ နေစရိတ်၊ စားစရိတ် တလ $1000-1500 ရှိပါတယ်။ on campus တပတ်နာရီ ၂၀ ပဲလုပ်ခွင့်ရှိပြီး ကျောင်းစရိတ်ကာမိဖို့ အလုပ်လုပ်ဖို့ မလွယ်ပါဘူး။

၃။ စာရွက်စာတမ်းတွေ ပြည့်စုံအောင် စီစဉ်ပါ။
၁၀ တန်းအမှတ်စာရင်း၊ ဘွဲ့လက်မှတ်၊ bank statements ၊ ဘာသာပြန်၊ ဘွဲ့တွေ Evaluate လုပ်ရမယ်ဆို ကျောင်းက အသိအမှတ် ပြုထားတဲ့ နေရာတွေမှာ လုပ်ပါ။ for example: World Education Service (wes)

၄။ စာမေးပွဲဖြေပါ။
ကျောင်းတွေက Duolingo၊ IELTs၊ TOEFL အမှတ်တွေတောင်းတတ်ကြပါတယ်။ ပြင်ဆင်ပြီးဖြေပါ။ Duolingo ဆိုပြင်ဆင်ပြီးဖြေရင် တလလောက်ပဲ ကြာတတ်ပါတယ်။
Youtube ကနေဆို Teacher Luke မှာကြည့်ပေးပါ။
🔗https://youtu.be/nBcor6Z_Qzg?si=xZX51JYpfq2p0hcU

၅။ Student Visa တင်ဖို့ လုပ်ပါ။ အမေရိကန်နိုင်ငံက ကျောင်းတွေဆို ကျောင်းက I-20 ကျတာနဲ့ Visa တင်ဖို့ DS-160 ဖြည့်ပြီး Appointment ယူ Visa ဝင်လို့ရပါပြီ။

၆။ Visa ရပြီးရင် ကျောင်းက စာရွက်၊ immigration ကိုပြရမယ့် စာရွက်တွေစုံအောင်ယူလာပြီး Hand Carry မှာထည့်ခဲ့ပါ။

လိုရာခရီးရောက်ပြီး ကံကောင်းကြပါစေ။
#MoefromAmerica ❤️🇺🇸

———-
#MoefromAmerica is an Experienced and Expert in Education. She studied in Australia in her teenage years, then she went to Community College and Universities in United States. She has earned her Doctorate Degree in Pharmacy and currently working as a Pharmacist.

အမေရိကန်နိုင်ငံမှာ အောင်မြင်တဲ့ ကျောင်းသားတယောက်ဖြစ်ချင်တယ်ဆိုရင် #MoefromAmerica ကို ဆက်သွယ်နိုင်ပါတယ်။

#MoefromAmerica က Student Visa နဲ့ Visit Visa တင်ပေးပါတယ်။ တတိယနိုင်ငံက Visa ဝင်ချင်ရင်လဲ စီစဉ်ပေးပါတယ်။

Career Advice လိုအပ်ရင်လဲ ဆက်သွယ်နိုင်ပါတယ်။
🔗https://shorturl.at/euBY6