အခွန်ဆောင်ခြင်းနဲ့ Tax Preparer တယောက်ဖြစ်ဖို့ ဘာတွေလိုအပ်လဲ?

“အခွန်ဆောင်ခြင်းနဲ့ Tax Preparer တယောက်ဖြစ်ဖို့ ဘာတွေလိုအပ်လဲ?”

အခု နှစ်သစ်စရဲ့ ပထမလမှာ တချို့တွေ income tax စ claim လုပ်နေကြပြီ။
tax season က Jan 1 ရက်ကနေ April 15 ရက်နေ့အထိပါ။ အဲအချိန်မှာ ဝင်ငွေခွန်ဆောင်ရတဲ့သူတွေက ကိုယ်တိုင် software သုံးပြီး ဆောင်လို့ရသလို IRS.gov. ကနေလဲ ဆောင်လို့ရပါတယ်။

ကိုယ်တိုင်အိမ်မှာ ဆောင်ချင်ရင် အမေရိကန်နိုင်ငံမှာ နာမည်ကြီးတဲ့ year. #1 Best Selling Tax Software ” TurboTax” ဝယ်ပြီးလဲ ဆောင်လို့ရပါတယ်။

TurboTax နဲ့ ကိုယ်တိုင်လုပ်ပြီးဆောင်ရင် Basic ဆို $40 လောက်ပဲကျပါတယ်။ Tax Refund ရဖို့ ၂၁ ရက်ကြာပါတယ်။

TurboTax Software ကို sams, Walmart, BestBuy, Target, Staples, office stores တွေမှာ ဝယ်လို့ရပြီး $40 ကျော်ကနေ $100 ကျော်အထိရှိပါတယ်။

တချို့တွေက လမ်းထောင့်တွေမှာ ရှိတဲ့ H&R Block ဆီသွားပြီး Tax Return လုပ်ကြတယ်။

တချို့ကျ မြန်မာ Accountant နဲ့ Online က လုပ်ကြတယ်။ မိမိအဆင်ပြေရာ လုပ်လို့ရပါတယ်။

အခုလို Tax Season မှာ အခွန်တွက်ပေးတဲ့ Tax Preparer လုပ်ရင်လဲ Jan. 1 – April 15 အထိ ၄ လခွဲပဲကြာတဲ့ 1 season ကို တချို့တွေဆို $40,000-50,000 အထိ ဝင်ငွေကောင်းကောင်းရကြပါတယ်။ တချို့ မြန်မာတွေဆို စက်ရုံမှာ အလုပ်လုပ်ပေမယ့် အပိုဝင်ငွေရအောင် side hustle အနေနဲ့ Tax Season တခုတည်းကို Tax Preparer လဲလုပ်ပြီး ဝင်ငွေကောင်းရကြပါတယ်။

Tax Preparation Businesses လုပ်တဲ့ပိုင်ရှင်တွေဆို အဲ season တခုတည်းမှာပဲ $100,000-$200,000 ရကြတယ်။ ဒါပေမယ့် ညတွင်းချင်းရတာတော့ မဟုတ်ပါဘူး စိတ်ရှည်ရတာ Customers ရအောင်တော့ နှစ်နဲ့ချီတည်ဆောက်ရတာပါ။

Tax Preparer အနေနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ချင်ရင် အသက် ၁၈ နှစ်အထက် high school diploma or GED အောင်ထားရမယ်။ Technical schools နဲ့ community colleges ကဖွင့်တဲ့ tax preparation courses တွေတက်ရမယ်။ Tax Preparer ဖြစ်ဖို့ IRS ကနေ Preparer Tax Identification Number (PTIN) နံပါတ်တခုလိုပါတယ်။ တချို့ state တွေက a tax preparation license၊ continuing education တွေလိုတတ်ပါတယ်။

Tax Preparer တယောက်ဖြစ်ဖို့ Training တက်တာ လိုင်စင်ရဖို့အထိ တနှစ်ကနေ ၃ နှစ်အထိကြာနိုင်ပါတယ်။ Tax Preparer ဖြစ်ရင် ကောင်းတဲ့ အချက်ကတော့ မိမိရဲ့ ဝင်ငွေခွန်ကို ဘယ်လိုလျှော့ချရမလဲ သိတယ်။ အိမ်ကနေလုပ်ရတာဖြစ်လို့ အဆင်ပြေတဲ့အချိန်လုပ်လို့ရပြီး အမေရိကန်နိုင်ငံတဝှမ်းက ဖောက်သည်တွေကို လက်ခံလုပ်လို့ရပါတယ်။ Accountant ဖြစ်ဖို့ စိတ်ဝင်စားသူတွေ အတွက် Tax accountants က High Demand အလုပ်ဖြစ်ပြီး job security ကောင်းသလို လစာလဲ ကောင်းပါတယ်။

Financial industry ထဲက Financial Advisors, Accountants, Lawyers, Realtors တွေ အပိုဝင်ငွေရှာချင်ရင် အခွန်တွက်ပေးတဲ့ tax preparation လုပ်ကြပါတယ်။ မကောင်းတဲ့အချက်က အချိန်မှီပြီးအောင် လုပ်ရလို့ ထိုင်ချိန်များပြီး စိတ်ဖိစီးမှုတော့ များတတ်တယ်။

အမေရိကန်နိုင်ငံမှာ ကိုယ်တိုင် ဝင်ငွေခွန်ကို software ကနေဆောင်လို့ရသလို Tax Preparer တယောက်အနေနဲ့ ရပ်တည်လို့လဲ ရပါတယ်နော်။

အရင်နှစ်တွေက Income Tax ကို ဘယ်လိုဆောင်ဖြစ်ကြလဲ ပြောပြပေးပါဦးနော်။

#MoefromAmerica ❤️🇺🇸

Reference: IRS.gov